BEC-TERO TV

Forbes Magazine က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀ ဦး

23 Jan 2019     1,347 Views


နာမည်ကျော် Forbes Magazine က နှစ်တစ်နှစ်ကုန်တိုင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့တဲ့   အားကစားသမား စာရင်းကို ထုတ်ပြန် ကြေညာလေ့ရှိပါတယ်။  အခုလည်း ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအကောင်ဆုံး အားကစား သမား စာရင်း 100 ကို ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ အားကစားလောကရဲ့ ဝင်ငွေအကောင်းဆုံး ၁၀ ဦးမှာ ဘောလုံးလောကမှာ ၃ ဦး အထိပါဝင်ခဲ့ပြီး ဘေ့စ်ဘော မှ ၂ ဦး ၊ ဘောင်ဇင်း လောကမှ၂ ဦး ၊ ဘက်စကက်ဘော ကစားသမား ၂ ဦး တင်းနစ် မှ ၁ ဦး တို့ဖြစ်ကြပါတယ်။

ဝင်ငွေ အကောင်းဆုံး ကစားသမားဆိုတာ နဲ့ အညီ 2018 ခုနှစ် အတွင်း ကစားသမားတွေ ရဲ့ ရရှိခဲ့တဲ့ လစာ ၀င်ငွေတွေ ၊ ဆုကြေးတွေ စုစုပေါင်းကို တွက်ချက်ပြီး ဖော်ပြခဲ့တာ ဖြစ်ကာ ၊ အနားယူထားပြီ ဖြစ်တဲ့ လက်ဝှေ့ကျော်ကြီး မေဝယ်သာက ၀င်ငွေ အကောင်းဆုံး အားကစားသမား အဖြစ် ရပ်တည် သွားခဲ့ပါတယ်။

ဝင်ငွေ အကောင်းဆုံးကစားသမား ဆိုတာ တစ်နှစ်တာ အတွင်းမှာ သူတို့ရရှိခဲ့ကြတဲ့  စုစုပေါင်း ဝင်ငွေကို တွက်ချက်ပြီး ဖော်ပြတာဖြစ်ဖြစ်ပါတယ်။ နံပါတ် ၁ နေရာမှာ ချိတ်ဆွဲ သွားတာကတော့ လက်ဝှေ့ လောကရဲ့ ရှုံးပွဲမရှိ မေဝယ်သာ ပဲဖြစ်ပါတယ်။

မေဝယ်သာဟာ ဝင်ငွေအကောင်းဆုံး အဖြစ်ရပ်တည်နိုင်ဖို့အတွက မက်ဂရီကော်နဲ့ ထိုးသတ်တဲ့ ပွဲမှာ ဝင်ငွေ အများအပြား ရရှိခဲ့တာဖြစ်ပါတယ်။ ထူဆန်းတာက အဲ့ဒီနှစ်ယောက်လုံးက ဝင်ငွေအကောင်းဆုံး ၁၀ ဦးမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ မက်ဂရီကော်က အဆင့် ၄ နေရာမှာ ချိတ်ဆွဲခဲ့ပါတယ်။

ဘောလုံးလောက ရဲ့ နံပါတ်တစ် ဝင်ငွေအများဆုံး ရရှိသွားတာက မက်ဆီဖြစ်ပြီး ပြိုင်ဖက် ရော်နယ်ဒို ကို ၃ သန်း အသာနဲ့ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး စာရင်းမှ ဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီရဲ့ နောက် အဆင့် ၅ နေရာမှာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ က ရရှိခဲ့ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အတွက် ၀င်ငွေအကောင်းဆုံး ကစားသမား ၁၀ ယောက်

1. မေဝယ်သာ (ဘောက်ဆင်း) – ဒေါ်လာ ၂၈၅ သန်း

2. မက်ဆီ (ဘောလုံး) – ဒေါ်လာ ၁၁၁  သန်း

3. ရိုနယ်ဒို  (ဘောလုံး) – ဒေါ်လာ ၁၀၈ သန်း

4. မက်ဂရီကော် (MMA) – ဒေါ်လာ ၉၉ သန်း

5. နေမာ (ဘောလုံး) – ဒေါ်လာ ၉၀ သန်း

6. လီဘရွန် ဂျိမ်း (ဘက်စ်ကက်ဘော) – ဒေါ်လာ ၈၅.၅ သန်း

7. ဖက်ဒရာ (တင်းနစ်) – ဒေါ်လာ ၇၇.၂ သန်း

8. ကာရီ (ဘတ်စ်ကက်ဘော) – ဒေါ်လာ ၇၆.၉သန်း

9. မတ် ရွိုင်ယန် – ဒေါ်လာ ၆၇.၃သန်း

10. စတားဖို့ဒ် – ဒေါ်လာ ၅၉.၆သန်း

ပြီးခဲ့တဲ့  ၁၀နှစ် အတွင်း ၀င်ငွေ အကောင်းဆုံး ရပ်တည်ခဲ့သူများစာရင်းမှာ တိုက်ဂါးဝုဒ် မှ ၅ ကြိမ်အထိပါဝင်ခဲ့ပြီး ၊ ဖလွိုက် မေဝယ်သာ က ၃ ကြိမ်နဲ့ ရော်နယ်ဒို က ၂ ကြိမ် အထိပါဝင်ခဲ့ကြပါတယ်။


23 Jan 2019     1,347 Views




RELATED

Most Popular of Football

Most Popular of Sport