BEC-TERO TV

လေယာဉ် ပျောက်ဆုံးရာမှာ ပါဝင်ခဲ့တဲ့ ဆာလာကို ဝိုင်းဆုတောင်းပေးတဲ့ နန့်တတ် ပရိတ်သတ်များ

23 Jan 2019     1,351 Views


ပြီးခဲတဲ့ ရက်ပိုင်းက ကာဒစ်အသင်းက ခေါ်ယူခဲ့တဲ့ ကစားသမာ အီမီလီယာနို ပါဝင်တဲ့ လေယာဉ်ဟာ အင်္ဂလန်သို့ ထွက်ခွာလာစဉ်မှာ ပျံသန်းနေစဉ်မှာ ပဲ လေယာဉ် ကပျောက်ဆုံးသွားခဲ့ပါတယ်။

ကာဒစ်အသင်းဟာ နန့်တတ်အသင်းမှ အသက် ၂၈ နှစ်အရွယ် အီမီလီယာနို ဆာလာကို ပြောင်းရွှေ့ ကြေး ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားခဲ့တာဖြစ်ပါတယ်။

အဆိုပါလေယာဉ်ဟာ ပျံသန်းနေစဉ်မှာ ပဲ ပျောက်ဆုံးသွားတာကြောင့် ပြင်သစ်ရဲ့တပ်ဖွဲ့ က ပျက်ကျသွားတာ ဖြစ်နိုင်တယ်လို့ ယူဆနေပြီ ၊ အသက်ရှင်ကျန်သူ မရှိနိုင်ဘူး လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

လက်ရှိ အချိန်ထိတော့ ဗြိတိန် တာဝန် ရှိသူတွေရော နှင့် ပြင်သစ် ရဲ တပ်ဖွဲ့ဝင်တွေကပါ ပျောက်ဆုံးသွားတဲ့ လေယာဉ်ကို ရှာဖွေနေတယ်လို့ သိရပါတယ်။ နန့်တတ်အသင်း ပရိတ်သတ်တွေကလည်း ပြင်သစ်နိုင်ငံ မြို့လယ်မှာ ဆာလာကို ပြန်ရှာတွေ့ ဖို ဝိုင်းဝန် ဆုတောင်း ပွဲတွေပြုလုပ်ခဲ့ကြပါတယ်။

မိုနာကိုနှင့် မက်စ် နဲ့ကန်တဲ့ပွဲစဉ်မှာ ပျောက်ဆုံးသူ ဆာလာအတွက် တစ်မိနစ်ခန့် ငြိမ်သက် ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

ကာဒစ်အသင်းမှ တာဝန်ရှိသူတွေနှင့် ပရိတ်သတ်တွေကလည်း ဆာလာရဲ့သတင်းကို နာစွင့်နေကြတယ်လို့သိရပါတယ်။

 

 


23 Jan 2019     1,351 Views




RELATED

Most Popular of Football

Most Popular of Sport