အဆိပ်ပြင်းတဲ့ ဧရာမကင်းခြေများကြီး မွေးထားတဲ့ ဇီဝကျောင်းသား (ရုပ်သံ)
23 Jan 2019 4,098 Views

ထိုင်ဝမ်နိုင်ငံမှ အသက် ၂၆ နှစ်အရွယ် ဇီဝဗေဒကျောင်းသား “Neil Cheng” ဟာ အရှည် ၄၂ စင်တီမီတာရှိတဲ့ ဧရာမကင်းခြေများကြီးတစ်ကောင်းကို မွေးမြူထားပါတယ်။ စူဟာ ဒီကင်းခြေများကို ၂၀၁၄ ခုနှစ်ကတည်းက ဝယ်ယူပြီး မွေးမြူခဲ့တာဖြစ်ပါတယ်။

ကင်းခြေများကို ကြောင်စာတွေကျွေးပြီး မွေးမြူခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က အဆိပ်ရှိတဲ့ ဧရာမကင်းခြေများကြီးကို သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ကို လှည့်ပတ်သွားခွင့်ပြုတဲ့ ရုပ်သံကို အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။

ကင်ခြေများတွေဟာ အဆိပ်ရှိတဲ့ သတ္တဝါဖြစ်တာကြောင့် သူလုပ်သလို လိုက်မလုပ်ကြဖို့ကိုလည်း မှာကြားထားပါသေးတယ်။ ကင်းခြေများကြီး တွားသွားနေတဲ့ ရုပ်သံကို ကြည့်ရှုကြပါဦး။








