BEC-TERO TV

ဘောလုံးသမားဘဝကို အားကျပေမဲ့ ပါရမီနည်းခဲ့တာကြောင့် အနားယူလိုက်တဲ့ အူစိန်ဘော့

24 Jan 2019     1,384 Views


ဘောလုံးအားကစားသမား ဘဝကို အားကျပြီး တာတိုအပြေးသမား အဖြစ်အောင်မြင်ခဲ့တဲ့ အူစိန်ဘော့ ဟာ ဘောလုံးလောက ကိုတစ်နှစ်တာ ကစားခဲ့ပြီးနောက် အနားယူလိုက်ပြီးလို့ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ စံချိန်ရှင် တာတို အပြေးသမား အူစိန်ဘော့ ဟာ ဘောလုံးကမှာ ပရော်ဖက်ရှင်နယ် ခြေလှမ်းစနိုင်ဖို့ အမျိုးမျိုး ကြိုးစားခဲ့ပေမဲ့ သူရဲ့ပါရမီက ဘောလုံးကစားဖို့ ကံပါမလာခဲ့ပါဘူး။

အူစိန့်ဘော မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ အမာခံ ပရိတ်သတ်တစ်ဦးဖြစ်ပြိး တစ်ချိန်က အင်တာဗျူးတစ်ခုမှာ “ ကျွန်တော့သာ မန်ချက်စတာ ယူနိုက်တတ်အသင်းမှာ ကစားခွင့်ရနိုင်ဖို့က ကျွန်တော့ရဲ့ ရည်းမှန်ချက်ပါ၊ ပျော်မိမှာပါ။ သို့သောလည်း ဒါဟာ ဒဏ္ဍာရီ တစ်ပုဒ်လိုပါပဲ” လို့ ပြောခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာကလ ကဲ သြစတြေးလျဘောလုံးအဖွဲ့ချုပ်ရဲ့ ကူညီမှုနဲ့ မာရီနာစ်အသင်းနဲ့ တရားဝင်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ဒါပေမဲ့ သူရဲ့ ဘောလုံးကစားနိုင်မှုစွမ်းရည်ဟာ ပရောဖက်ရှင်နယ် ကစားနိင်ဖို့ လိုအပ်ချက်တွေအများကြီးရှိတာကြောင့် မာရီနာစ်အသင်းနဲ့ ၂ လအကြာမှာပဲ နှစ်ဦးသဘောတူလမ်းခွဲခံပါတယ်။

ဒေါမွန်အသင်းမှာလည်း နွေရာသီကာလမှာ ထရိန်းသွားဆင်းခဲ့ဖူးပြီး ဒေါ့မွန်နည်းပြ တူချယ်က ဘောလုံးကစားဖို့ လိုအပ်ချက်တွေရှိပါသေးတယ်။ သူအနေနဲ့ ဘောလုံးကိုင်တွယ်ပုံ ၊ အထိန်းအသိမ်း ၊ ကြံခိုင်မှု ၊ ဒါတွေ လိုအပ်သေးတယ်လို့ ထောက်ပြခဲ့ပါတယ်။

သူဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဘောလုံးအားကစားနဲ့ ပါရမီ နည်းပါးခဲ့တာကြောင့် တစ်နှစ်အကြာမှာ ပဲ ဘောလုံးလောက ကနေ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

 


24 Jan 2019     1,384 Views




RELATED

Most Popular of Football

Most Popular of Sport