BEC-TERO TV

ပြင်သစ်ဖလား ဖလား ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း၏ အဓိကကစားသမား နေမာ ဒဏ်ရာရရှိ

24 Jan 2019     1,562 Views


ပီအက်စ်ဂျီအသင်း၏ အဓိက  ကစားသမား နေမာဟာ မနေ့က ထရမ့်စဘော့ အသင်းနှင့်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို ချက်ချင်းပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နောက်လမှာ ချန်ပီယံလိဂ် ပွဲစဉ် ယူနိုက်တတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီအသင်းအတွက် အဓိက ကစားသမား နေမာ သာ လွဲချော်ခဲ့ပါက ကြီးမားတဲ့ နစ်နာမှုတစ်ခုဖြစ်စေမှာပါ။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းက ထရမ့်စဘော့ အသင်းကို ၂-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် အနိုင်ဂိုးတွေကို ၄ မိနစ်မှာ ကာဗာနီ ၊  မိနစ် ၈၀ မှာ ဒီမာရီယာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဓိကကစားသမား နေမှာ ကတော့ ဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းထဲ့ကနေ ထွက်ခွာခဲ့ရပါတယ်။

နေမာဟာ ဒဏ်ရာဟာ မနှစ်က ဘရားဇီးအသင်းနှင့် ကင်မရွန်း အသင်းတို့ကစားခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာအဟောင်းကို ထပ်မံ ထိခိုက်ခဲ့တာလို့သိရပါတယ်။

ပွဲအပြီးမှာ နည်းပြ သောမတ်တူချယ်က နေမာ ရဲ့ ဒဏ်ရာ နဲ့ ပတ်သက်ပြီး ဘာမှ မသိရသေးပေမယ့် ၊ ချက်ခြင်းပဲ ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

 

 


24 Jan 2019     1,562 Views




RELATED

Most Popular of Football

Most Popular of Sport