BEC-TERO TV

ဆီဗီလာကို ရှုံးခဲ့တဲ့ ပွဲမှာ မက်စီကို ထည့်မသုံးခဲ့လို့ နောင်တမရဘူးလို့ နည်းပြဗယ်ဗာဒီဆို

24 Jan 2019     1,293 Views


မနေ့က ကိုပါဒယ်ရေး ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာ အသင်းဟာ ဆီဗီလာ အသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ပွဲမှာ ပွဲမထုတ်ခဲ့တဲ့ မက်စီ ကို အနားပေးဖို့ ဆုံးဖြတ်ချက်အတွက် နည်းပြ ဗယ်ဗာဒီ ကနောင်တမရဘူးလို့ ဆိုပါတယ်။

နည်းပြဗယ်ဗာဒီက “ ကျွန်တော်ဆုံးဖြတ်ချက်နဲ့ ပါတ်သတ်ပြီး နောင်တ မရပါဘူး ၊ အကယ်လို့ နိုင်ခဲ့ရင် မှန်တယ်လို့ ပြောကြမှာပါ။ ရှုံးခဲ့တဲ့ အတွက်ကြောင့် ဒု-ကျော့ မှာ ဂိုးပြတ်အနိုင်ယူမှာပါ ။အဲ့အတွက် လူအင်အား အပြည့်အဝ ” ရှိပါတယ် လို့ နည်းပြ ဗယ်ဗာဒီ ကဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ပ-ကျော့ ဆီဗီလာကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ကွင်းမှာ ဂိုးပြတ်အနိင်ရရှိဖို့လို့ပါတယ်။ ဆီဗီလာ အသင်းအတွက် ဂိုးတွေကို ဆာရာဘီယား နဲ့ ဘန်ယက်ဒါတို့ ကသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ကိုပါဒယ်ရေးဖလား ဒု - ကျော့ ကိုလာမည် ဘာစီလိုနာအသင်းဟာ  ဇန်နဝါရီလ ၃၀ ရက်နေ့ နူးကမ့်မှာ လက်ခံကစားသွားရမည်ဖြစ်ပါတယ်။

 


24 Jan 2019     1,293 Views




RELATED

Most Popular of Football

Most Popular of Sport