BEC-TERO TV

ကြည့်မိသူပရိသတ်တိုင်း သဘောကျနေရတဲ့ မြင့်မြတ်ရဲ့မိန်းမချစ်ပုံချစ်နည်း

24 Jan 2019     3,465 Views


ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မြင့်မြတ်ဟာဆိုရင် အနု၊ အရွ၊ အကြမ်း၊ အရမ်း၊ ဟာသ ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်လက်ခံအားပေးမှု၊ ချစ်ခြင်းမေတ္တာတွေကို အပြည့်အ၀ရရှိပိုင်ဆိုင်ထားတဲ့ သဘာဝမင်းသားတစ်ယောက်ဖြစ်ပါတယ်။ ယောကျာ်းပီသစွာ တည်ကြည်ခန့်ငြားသူဖြစ်တာကြောင့်လဲ ပျိုပျိုအိုအို မိန်းမသားထုကြီးရဲ့ အခိုင်အမာဝန်းရံခြင်းကို ခံထားရသူဖြစ်ပါတယ်။

သဘာဝကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် မြင့်မြတ်ရဲ့ရုပ်ရှင်ကားတိုင်းဟာဆိုရင် ရုံပြည့်၊ ရုံလျှံဖြစ်အောင်ထိ နယ်ပရိသတ်ရော၊ မြို့ပရိသတ်များကပါ ၀က်ဝက်ကွဲအားပေးကြတာပဲဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အနုပညာပိုင်းမှာပါ အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားသလို ပြည့်စုံတဲ့မိသားစုဘ၀လေးကို ဖန်တီးထားသူပဲဖြစ်ပါတယ်။

ဇနီးချောလေးနဲ့အတူ ဂျင်းကောင်ပေါက်စလို့ နာမည်ပြောင်လေးပေးထားတဲ့ ချစ်စရာကောင်းတဲ့ သားသားလေးမွေးကာ ပျော်ရွှင်တဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ သားဦးလေးလဲဖြစ်သလို၊ ဖြူဖြူဖွေးဖွေးလေးနဲ့ အသဲယားစရာကောင်းလွန်းတဲ့ သားလေးကိုလက်ကနေမချနိုင်လောက်အောင် ချစ်နေရသလို ပရိသတ်တွေကပါ တုန်နေအောင်ဝိုင်းချစ်ကြရတာပဲဖြစ်ပါတယ်။

ဒီလိုမျိုးချစ်စရာကောင်းတဲ့သားလေးကိုမွေးပေးထားလို့ မြင့်မြတ်ကတော့ ဇနီးဖြစ်သူကို အချစ်တွေပိုကာ ကျေးဇူးတင်မဆုံးဖြစ်နေမှာပါနော်.. သားလေးကိုချစ်သလို မိန်းမဖြစ်သူကိုလဲ အချစ်တွေပိုတယ်ဆိုတာ သက်သေပြနေတဲ့ မြင့်မြတ်ရဲ့ပုံလေးတစ်ပုံက အွန်လိုင်းပေါ်မှာပျံ့နှံ့လို့နေကာ ကြည့်မိသူတိုင်းသဘောကျနေရတဲ့ ပုံလေးပဲဖြစ်ပါတယ်။

သူငယ်ချင်းဖြစ်သူ ဆူဇီနဲ့အတူ မိသားစုလိုက်အပြင်သွားရင်း အထုပ်အပိုးတွေနဲ့ ကလေးကိုချီကာ မိန်းမဖြစ်သူကိုတော့ အပျိုလေးတစ်ယောက်သဖွယ် လွတ်လွတ်လပ်လပ်ထားကာ လှမ်းငေးကြည့်နေတဲ့ မြင့်မြတ်ရဲ့ပုံတစ်ပုံက မြင်ရသူမိန်းမသားတိုင်းကို အားကျစဖွယ်ဖြစ်စေခဲ့ရသလို မိန်းမဖြစ်သူကို သိပ်ချစ်တဲ့ယောကျာ်းတစ်ယောက်ရဲ့ပုံရိပ်ကိုလည်း အတိုင်းသားပေါ်လွင်နေစေခဲ့ပါတယ်။ ကြည့်မိသူပရိသတ်တိုင်း  သဘောကြနေရတဲ့ မြင့်မြတ်တို့မိသားစုရဲ့ပုံလေးကိုပါ တင်ဆက်ပေးလိုက်ပါတယ်။

 

 


24 Jan 2019     3,465 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment