BEC-TERO TV

တော့တင်ဟမ်အသင်းကို တစ်ကျော့ပြန်အနိုင်ယူခဲ့ပြီး ကွာရာဘောင်းဖလား ဖိုင်နယ်တတ်ရောက်နိုင်ခဲ့တဲ့ ချလ်ဆီး

25 Jan 2019     1,278 Views


အိမ်ရှင် ချယ်လ်ဆီး အသင်း ဟာ ၄ – ၃ – ၃ ကစားကွက် ကို အသုံးပြုပြီး ဂိုးသမား နေရာ မှာ ကီပါ ၊ နောက်တန်း မှာ အက်ဇ်ပီလီကွီတာ ၊ ဒေးဗစ် လူးဝဇ် ၊ ရူဒီဂါ ၊ အီမာဆင် ၊ ကွင်းလယ် မှာ ဂျော်ဂျင်ဟို ၊ ကန်တေ ၊ ဘာကလေ နဲ့ တိုက်စစ်မှာ ဟာဇတ် ၊ ဂျရူး ၊ ပတ်ဒရို တို့နဲ့ ပွဲထွက် လာခဲ့ ပါတယ် ။

တော့တင်ဟမ် အသင်း ကတော့ ၄ – ၂ – ၃ – ၁ ကစားကွက် ကို အသုံးပြုပြီး ဂိုးသမား နေရာ မှာ ဂါဇန်နီဂါ ၊ နောက်တန်း မှာ ဘင်ဒေးဗီးစ် ၊ ဗာတွန်ဂန် ၊ အယ်လ်ဒါဝီရယ် ၊ အော်ရီယာ ၊ ကွင်းလယ် မှာ ဟယ်ရီဝင့်ခ် ၊ အဲရစ် ဒိုင်ယာ ၊ အဲရစ် လာမယ်လာ ၊ ခရစ်တီယန် အဲရစ်ဆင် ၊ ဆစ်ဆိုခို နဲ့ အထောင် တိုက်စစ်မှာ တော့ လော်ရန်းတေး တို့နဲ့ ပွဲထွက် လာခဲ့ ပါတယ် ။

အိမ်ရှင်ပီပီ ချလ်ဆီးအသင်းဟာ တစ်ဟုန်ထိုးတိုက်စစ်ဆင် ထိုဖောက်ခဲ့ပြီး ၂၇ မိနစ်မှာ ထောင့်ကန်ဘောမှ ပြန်ကျလာတဲ့ ဘောလုံးကို အပြင်းကန်သွင်းပြီး ချလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးရယူခဲ့ပါတယ်။  ပွဲချိန် ၃၃ မိနစ် မှာ ဒဏ်ရာ ခဲ့တဲ့ ဘင်ဒေးဗီးစ် အစား ဒန်နီရို့စ် ဝင်ကစားပါတယ်။

နှစ်ဖက်အသင်း မြိုင်မြိုင်ဆိုင်ဆိုင်ကစားခဲ့ပြီး ပွဲချိန် ၃၇ မိနစ် မှာ အက်ဇ်ပီလီကွီတာ ရဲ့ ပေးပို့မှု ကို ဟာဇတ် အပိုင် ပိတ်သွင်း နိုင်ခဲ့လို့ ချယ်လ်ဆီး ဖက်က ၂ ဂိုးပြတ် နဲ့ ဦးဆောင် နိုင်ခဲ့ ပါတယ် ။ဟာဇတ်ဟာ တောင်ပံမှာ ကစားရတာ အတိုးအလှုပ်တွေကို မြင်တွေခဲ့ပါတယ်။ချလ်ဆီးအသင်း ပထမပိုင်းကစားပုံ အတော်ကောင်းမွန်ခဲ့ပြီး ၂ ဂိုးထက်ပိုရနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတဲ့ အချိန် ချလ်ဆီးအသင်း က ပွဲကို ထိန်းချုပ်ကစားခဲ့ပေမဲ့ မိနစ် ၅၀ မှာ ဒန်နီရို့စ် ရဲ့ ဖြတ်တင် ပေးပို့မှု ကို လော်ရန်းတေး ခေါင်းတိုက် သွင်းယူ နိုင်ခဲ့ ပါတယ် ။ ချလ်ဆီးတိုက်စစ်မှူး ဂီရော့်ဂ် တစ်ယောက်လည်း အခွင့်အရေးတော်တော်များများ အသုံးမချနိုင်ခဲ့တာကိုတွေ့ ခဲ့ရပါတယ်။  နောက်ပိုင်းပွဲချိန်တွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ၂-၁ ဖြင့် ပြီးဆုံးခဲပါတယ်။

နှစ်ကျော့ပေါင်း ရလဒ် ၂-၂ ဖြစ်ခဲ့ကြောင့် ပင်နတီ အဆုံးအဖြတ်ခံယူရာ ချလ်ဆီးအသင်းက ၄-၂ ဖြင့်အနိုင်ရရှိခဲပြီး ကွာရာဘောင်းဖလား ဖိုင်နယ်ကို တတ်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲ မှာတော့ မန်စီးတီး နဲ့ ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ် ။ပင်နတီအဆုံးအဖြတ်မှာ တော့တင်ဟမ်အသင်းဖက်က အဲ့ရစ် ဒိုင်ယာ နဲ့ လူကပ်မော်ရာ တို့က ပင်နတီ လွဲချော်ခဲ့ကြပါတယ်။

 

 

 


25 Jan 2019     1,278 Views




RELATED

Most Popular of Football

Most Popular of Sport