သီအာရီ အွန်နရီ ကို မိုနာကို နည်းပြရာထူးမှထုတ်ပယ်
25 Jan 2019 1,781 Views

၂၀၁၈ အောက်တိုဘာလမှ မိုနာကို နည်းပြအဖြစ် ခန့်အပ်ထားခြင်းခံခဲ့ရတဲ့ သီအာရီ အွန်နရီ ကို ၃ လအကြာမှာ အသင်းနည်းပြရာထူးကနေထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ အောင်မြင်မှု စိုက်ထူခဲ့တဲ့ အွန်နရီဟာ သူ့ရဲ့ နည်းပြဘ၀ အဖွင့် စာမျက်နှာတွေကတော့ လှပခဲ့ခြင်း မရှိပါဘူး။
.jpg)
အွန်နရီဟာ မိုနာကိုအသင်းအတွက် ပွဲ၂၀သာ ကိုင်ခွင့်ရရှိခဲ့ပြီး ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခြင်းမရှိတာကြောင့် ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုအသင်းဟာ လီဂူးအမှတ်ပေးဇယား အဆင့် ၁၉ ထိရောက်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုနာကို ဟာ ယခင် နည်းပြဟောင်း ဂျာဒင်ကို ပြန်လည် ခန့်အပ်ဖို့ ကြိုးစားနေပြန်တယ် လို့ သိရပါတယ်။
.jpg)






