BEC-TERO TV

ရလဒ်ပိုင်းရှုံးနိမ့်ခဲ့ပေမဲ့ ဂျပန်ကို သူတင်ကိုတင် ကစားသွားနိုင်ခဲ့တဲ့ ဗီယက်နမ်

25 Jan 2019     1,284 Views


၂၀၁၉ အာရှဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် မနေ့က ၇ နာရီခွဲမှာ ဂျပန်အသင်းက ၁-၀ ဖြင့် ဗီယက်နမ်အသင်းကို အနိုင်ရရှိခဲ့ပြီး ဆီမီးအဆင့်ကို တတ်ရောက်သွားခဲ့ပါတယ်။ ဆုဖလားရရှိဖို့ လက်တစ်ကမ်းအလိုကိုရောက်ရှိနေတဲ့ နှစ်ဖက်အသင်းဟာ ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ကြပါတယ်။

ဗီယက်နမ် အသင်းဟာ ခြေစွမ်းပိုင်း ၊ အစဉ်အလာနဲ့ သမိုင်းကြောင့် အစစအရရာ ကွာခြားခဲ့ပေမဲ့ ဂျပန်အသင်းကို သူတင်ကိုတင် ကစားသွားနိုင်ခဲ့ပါတယ်။ ဂျပန်အသင်းအတွက်အနိုင်ဂိုးကိုတော့ ၅၇ ခုနှစ်မိနစ်မှာ ဗီယက်နမ် နောက်ခံလူ ဖျက်ထုတ်ပုံကြမ်းတမ်မှုကြောင့် ပင်နတီ ပေးခဲရတာပါ။ ပင်နတီကို ဂျပန်အသင်းဖက်မှ ရီစု ဒိုအန်း က တိတိကျကျ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်အသင်းဟာ အာရှထိပ်တန်း အသင်းတစ်သင်းကို ခြေရည်တူကစား သွားခဲ့နိုင်ပြီး ခုနောက်ပိုင်းနှစ်တွေမှာ ဘောလုံးအဆင့်အတန်း အတော်မြင့်မားလာတာကိုတွေ့ မြင်တွေ့ ခဲ့ရပါတယ်။

ဂျပန်အသင်းက ဆီမီးဖိုင်နယ်ကို တတ်ရောက်နိုင်ခဲပြီးဖြစ်သလို အခြားဖက်မှ ကွာတားဖိုင်နယ်ပွဲအဖြစ် ဒီည ၁၀ နာရီခွဲခန့် မှာ တရုတ် နဲ့ အီရန်တို့ ကစားသွားကြမှာဖြစ်ပါတယ်။


25 Jan 2019     1,284 Views




RELATED

Most Popular of Football

Most Popular of Sport