BEC-TERO TV

ဆွဲဆောင်မှုတွေပိုပိုရှိစေဖို့ လှပတဲ့ဘော်ဒီလေးကို ဂရုတစိုက်ထိန်းသိမ်းနေတဲ့ သင်ဇာ

25 Jan 2019     2,160 Views


တင်းရင်းလှပပြီး ဆွဲဆောင်မှုတွေပြင်းတဲ့ အမိုက်စားခန္တာကိုယ်ကိုပိုင်ဆိုင်ထားသူလေး သင်ဇာဝင့်ကျော်ကတော့ နာမည်ကြီးရုပ်ရှင်တစ်ယောက်ဖြစ်ပါတယ်။ ချောမောလှပတဲ့ရုပ်ရည်နဲ့ ညှို့အားပြင်းဘော်ဒီအလှတို့ပေါင်းစပ်ကာ ပြီးပြည့်စုံတဲ့အလှပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ ပွင့်လင်းဖြူစင်တဲ့စိတ်ထားကောင်းလေးရှိသူဖြစ်ပြီး ဟန်ဆောင်မှုမရှိ သူမစိတ်ထဲမှာရှိတဲ့အတိုင်း ပြုမှုနေထိုင်တတ်သူဖြစ်တာကြောင့်ပဲ ပရိသတ်တွေကချစ်နေကြရတာဖြစ်ပါတယ်။

ယခုနောက်ပိုင်း Sexy ကျကျဖက်ရှင်တွေကို ပိုမိုဝတ်စားလာကာ မြန်မာ့ယဉ်ကျေးမှုနဲ့အနည်းငယ်သွေဖယ်နေတဲ့ သူမရဲ့ဖက်ရှင်တွေက ပရိသတ်တွေကြားဝေဖန်စရာဖြစ်နေတာပဲဖြစ်ပါတယ်။ ဘယ်လိုပင်ပြောဆိုကြပါစေ သူမရဲ့စီးပွားရေးဖြစ်တာကြောင့် နေရာဒေသလိုက်ပြီး ဆက်လက်ဝတ်ဆင်နေဦးမှာပါလို့ သင်ဇာကဆိုပါတယ်။

လတ်တလောမှာ ရုပ်ရှင်ရိုက်ကူးမှုထက် ပွဲတွေအတက်များလာတာကြောင့် သင်ဇာတစ်ယောက် သူမရဲ့ခန္ဓာကိုယ်လေးကို လှသထက်လှအောင် ထိန်းသိမ်းနေတာကိုတွေ့ရပါတယ်။ ကျစ်လစ်လှပတဲ့ဘော်ဒီကိုပိုင်ဆိုင်ပြီးသား သင်ဇာကတော့အနည်းငယ်ဝလာတာကြောင့် Gym ပြန်ဆော့ကာ ဆွဲဆောင်မှုတွေပိုတိုးလာစေဖို့ သူမရဲ့ဘော်ဒီလေးကိုထိန်းသိမ်းနေတာပဲဖြစ်ပါတယ်။ Gym ရောက်ခိုက်မှာ သူမရဲ့ဘော်ဒီအလှလေးကို ဓာတ်ဖမ်းပြီးပရိသတ်တွေကို မျှဝေထားတာပဲဖြစ်ပါတယ်။ အမိုက်စားဘော်ဒီကိုထိန်းသိမ်းဖို့ Gym ပြန်ဆော့နေပြီဖြစ်တဲ့ သင်ဇာ့ရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

 

 


25 Jan 2019     2,160 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment