BEC-TERO TV

သားလေးက မေမေငယ်ငယ်ကအတိုင်းပဲဆိုတာ သက်သေပြလိုက်တဲ့ ယွန်းဝတီလွင်မိုး

25 Jan 2019     2,705 Views


တစ်ချိန်က အကယ်ဒမီမင်းသားကြီးလွင်မိုး ရဲ့သမီးကြီး ယွန်းဝတီလွင်မိုး(ခေါ်) ခေး ဟာဆိုရင် ယမန်နှစ် ၂၀၁၈ ခုနှစ်က အိမ်ထောင်ကျခဲ့တာ တစ်နှစ်တင်းတင်းပြည့်သွားပြီပဲဖြစ်ပါတယ်။

ခေးဟာ အိမ်ထောင်မပြုခင်အချိန်မှာလဲ ကြော်ငြာမော်ဒယ်၊ သရုပ်ဆောင်အနေနဲ့ အောင်မြင်ကျော်ကြားခဲ့ပြီး လူချစ်လူခင်များခဲ့တာလူတိုင်းအသိပါပဲ။

အိမ်ထောင်ပြုပြီးသွားတော့လဲ ခေးကိုချစ်ခင်တဲ့လူတွေကလျော့မသွားပါဘူး။ ခေးကို Liam လေးရဲ့ မေမေအဖြစ် အရင်ကထက်ပိုပြီးတောင်အချစ်တွေပိုလာပါသေးတယ်။

အခုလက်ရှိမှာတော့ ခေးဟာခင်ပွန်းသည်၊ သားလေး Liam တို့နဲ့အတူ သာယာလှပတဲ့မိသားစု ဘဝလေးကိုပိုင်ဆိုင်နေရပါပြီ။ ခေးကိုချစ်တဲ့ ပရိတ်သတ်တွေကလဲ ခေးကိုချစ်ကြသလို သားလေး Liam ကိုလဲချစ်ပေးကြပါတယ်။

ဖိုးဖိုး၊ ဖွားဖွားတို့ရဲ့ အသည်းစွဲချစ်စရာ Liam လေးဟာ ခေးငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းဆိုတာ ခေးကသက်သေပြလိုက်ပါတယ်။ ခေးတစ်ယောက် သူမရဲ့ instagram ကနေ ခေးငယ်ငယ်တုန်းက ဖေဖေ၊ မေမေတို့နဲ့ဆော့ကစားနေတဲ့ ပုံကိုတင်ခဲ့တာပါ။ မကြာခင်မှာ Liam လေးလဲ ဒီဓာတ်ပုံထဲကအရွယ်ရောက်လာတော့ မယ်လို့ ခေးက ရေးသားထားပါတယ်။

ပရိတ်သတ်ကြီးရေ ခေးရဲ့ ဘေဘီလေးကခေးငယ်ငယ်တုန်းကနဲ့တစ်ပုံစံတည်းပဲလို့ မထင်မိဘူးလား။

 

 

 


25 Jan 2019     2,705 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS