BEC-TERO TV

အီရန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး တရုတ်အသင်းနည်းပြရာထူးမှ နှုတ်ထွက်ခဲ့တဲ့ လစ်ပီ

25 Jan 2019     1,290 Views


အာရှဖလားပြိုင်ပွဲမှာ တရုတ်အသင်းဟာ အီရန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ တန်ဖိုးကြီး နာမည်ကျော် ကစားသမား ခေါ်ကန်လေ့ ရှိတဲ့ တရုတ် လိဂ် ဟာ နိုင်ငံအတွက်တော့ ထင်သလောက် အဆင့်မြင့်ကစားသမားတွေ ပေါ်ထွက်လာခဲ့ခြင်းမရှိပါဘူး။ အခုလည်း အီရန်အသင်းကို ၃-၀ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့် ကနေပဲ နှုတ်ဆက်ခဲ့ရပါတယ်။

တရုတ်အသင်းကို နည်းပြတဲ့နည်းပြ လစ်ပီလည်း နည်းပြရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။ လစ်ပီဟာ အတ္တလန်နာ  ဂျူဗင်တပ်စ် ၊ နာပိုလီ ၊ ဂွမ်စူး အဲဗားဂရိတ် ၊ အီတလီ အသင်းတို့မှာ နည်းပြခဲ့ဖူးတဲ့ နည်းပြဟောင်း တစ်ဦးဖြစ်သလို့ အတွေ့ ရှိ ဝါရင့်နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

အဆိုပါ ရှုံးနိမ့်မှုကြောင့် သက်တမ်းတိုးဖိုဆိုတာ မဖြစ်နိုင်ပါဘူး ၊ ဘယ်လိုနည်းနဲ့မှ လုပ်ဆောင်သွားမှာ မဟုတ်တော့ဘူးလို့ အာရှဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရအပြီးမှာပဲ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ကို ထောက်ခံအားပေးခဲ့တာတွေအတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ် “ လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

 


25 Jan 2019     1,290 Views




RELATED

Most Popular of Football

Most Popular of Sport