ဆိုရှယ်မီဒီယာစတား ဘီကနီတောင်တက်မယ် လျှိုထဲပြုတ်ကျသေဆုံး
29 Jan 2019 1,436 Views

တောင်များကို တက်ရာတွင် ထူးထူးခြားခြား ဘီကနီကိုသာ ဝတ်ဆင်ပြီး တက်လေ့ရှိပြီး တောင်ထိပ်ပေါ်မှာ ဆယ်လ်ဖီဓါတ်ပုံတွေရိုက်ပြီး တင်ရာကနေ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာတဲ့ ထိုင်ဝမ်အမျိုးသမီး တောင်တက်မယ်ဟာ တောင်တက်စဉ် လျှိုတစ်ခုထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။

“ဂီဂီဝူး” ဆိုတဲ့ ဘီကနီတောင်တက်မယ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ထိုင်ဝမ်မှာရှိတဲ့ ယူရှင်းအမျိုးသားဥယျာဉ်ကြီးထဲက လျှိုကြီးတစ်ခုထဲ ပြုတ်ကျခဲ့ပြီး ဆိုးဆိုးရွားရွားဒဏ်ရာတွေရရှိခဲ့တယ်လို့ ဂြိုလ်တုဖုန်းကနေတစ်ဆင့် သူမရဲ့ သူငယ်ချင်းတွေကို ဆက်သွယ်ပြေကြားခဲ့ပါတယ်။

အဲဒီနောက် သူမရဲ့ မိတ်ဆွေတွေက ကယ်ဆယ်ရေးအဖွဲ့တွေဆီကို အကြောင်းကြား အကူညီတောင်းခဲံကြပါတယ်။ ကယ်ဆယ်ရေး ဟယ်လီကော်ပတာတွေက သူမကို ကယ်တင်ဖို့ သွားခဲ့ပေမယ့် ဆိုရွားတဲ့ ရာသီဥတုကြောင့် အချိန်မီ မရောက်နိုင်ခဲ့ပဲ တနင်္လာနေ့မှ သူမပြုတ်ကျတဲ့နေရာကို ရောက်သွားနိုင်တဲ့အခါမှာတော့ သူမဟာ သေဆုံးနေတာကို တွေ့ရပါတယ်။
“တောင်တန်းတွေပေါ်မှာ ရာသီဥတုအခြေအနေက ဆိုးနေပါတယ်။ သူမရဲ့အလောင်းကို ပြန်သယ်ဖို့အတွက် ရဟတ်ယာဉ်ဆင်းနိုင်မယ့် ကျယ်ကျယ်ပြန့်ပြန့်နေရာထိ အလောင်းကို ရွေ့ဖို့ ကယ်ဆယ်ရေးသမားတွေကို ညွှန်ကြားထားပါတယ်” ဟု ကယ်ဆယ်ရေးအဖွဲ့မှ “လင်ချန်းရီ” က ပြောကြားခဲ့ပါတယ်။
သက်ဆိုရာက ပြောကြားချက်အရ “ဝူး” ဟာ သူမရဲ့ မိတ်ဆွေတွေကို ဖုန်းဆက်ပြီး ပေ ၁၀၀ လောက်အမြင့်ကနေ ပြုတ်ကျတဲ့အတွက် သူ့အောက်ပိုင်းတွေ လုံးဝ မလှုပ်ရှားနိုင်တော့ဘူးလို့ ဖုန်းဆက် အကြောင်းကြားခဲ့ပြီး သူမရောက်နေတဲ့ နေရာအတိုင်းအတာကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
သူမဟာ အချိန်မတိုင်မီ လောကကြီးကနေ ထွက်ခွာသွားရတဲ့ စွန့်စားခန်းတွေလုပ်ရတာ နှစ်သက်သူ ဆိုရှယ်မီဒီယာစတား တစ်ဦးလည်းဖြစ်ပါတယ်။