BEC-TERO TV

သစ်တံခါးဆရာတော်ရဲ့မွေးနေ့မှာ ဖုန်းအလုံး ၁၀၀ မဲဖောက်ပေးပြီး ကုသိုလ်ပြုသွားမယ့် စမိုင်းလ်

29 Jan 2019     1,451 Views


တစ်ချိန်ကအနုပညာလောထဲမှာ မော်ဒယ်အဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ခဲ့တဲ့ စမိုင်းလ်ကတော့ ငယ်ရွယ်စဉ်မှာပင် အောင်မြင်မှုအတိုင်းအတာတစ်ခုကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ ဘောလိဝုဒ်သူလေးတစ်ယောက်လို ချောမောလှပသူလေးဖြစ်တာကြောင့်လည်း ပရိသတ်က အားပေးချစ်ခင်ခဲ့ရတာပဲဖြစ်ပါတယ်။ ချစ်ရတဲ့သူနဲ့အတူ ပျော်ရွှင်စရာဘ၀လေးကိုတည်ဆောက်နိုင်ဖို့ အနုပညာအလုပ်တွေကိုစွန့်ကာ နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ နှစ်အတန်ကြာအောင် အခြေချနေထိုင်ခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုမွေးဖွားထားပြီး ပြည့်စုံတဲ့မိသားစုကမ္ဘာလေးကိုတည်ဆောက်ထားသူပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအခြေတကျဖြစ်သွားပြီးနောက် အမိမြေကိုပြန်လည်ရောက်ရှိလာချိန်မှာတော့ ပရိသတ်တွေက တစ်ဖန်သတိထားမိလာကာ အရင်တုန်းကအတိုင်းမလျော့တဲ့အချစ်တွေနဲ့ ဆက်လက်အားပေးချစ်ခင်ခဲ့တာပဲဖြစ်ပါတယ်။

အများကအားကျရတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့ စမိုင်းကတော့ အလှူအတန်းနဲ့ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်။ အလှူရေစက် လက်နဲ့မပြတ်ဆိုသလို ရောက်လေရာ၊ သွားလေရာမှာ ကြီးကြီးငယ်ငယ် အလှူကိစ္စတို့ကို ပြုလုပ်တတ်သူဖြစ်တဲ့ စမိုင်းလ်တို့မိသားစုက ယခုတစ်ခါမှာလည်း သစ်တံခါးဆရာတော်ဘုရားကြီးရဲ့မွေးနေ့မှာ အထူးကုသိုလ်ပြုတဲ့အနေနဲ့ ဖုန်းအလုံး ၁၀၀ ကို မဲဖောက်ပေးသွားမယ်လို့သိရပါတယ်။

မနက်ဖြန်မှာ ကျရောက်မယ့် သစ်တံခါးဆရာတော်ဘုရားကြီးရဲ့မွေးနေ့အတွက် ကုသိုလ်ဒါနအဖြစ် Nokia ဖုန်း အလုံး ၁၀၀ ကို ကံစမ်းမဲဖောက်ပေးသွားမယ်ဆိုတဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘွတ်ကနေ အကြောင်းကြားကြေငြာထားတာပဲဖြစ်ပါတယ်။

“မနက်ဖြန်သစ်တံခါးဆရာတော်ဘုရားမွေးနေ့အတွက်ကုသိုလ်ဒါန Nokia ဖုန်း အလုံး ၁၀၀ ကံစမ်းမဲဖောက်ပေးပါမည်.. တကယ်လိုအပ်သူများရကြပါစေ…လှိုင်သာယာသစ်တံခါးကျောင်းမှာမနက်ဖြန်ဖောက်ပေးမှာပါ” ဆိုပြီး အသိပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးထဲက စိတ်ဝင်စားသူတွေအနေနဲ့ မစမိုင်းလ်ရဲ့ပို့စ်လေးမှာ သွားရောက်ကံစမ်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်…

 

 


29 Jan 2019     1,451 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS