BEC-TERO TV

ကျောက်ကပ်အားကောင်းစေဖို့စားသုံးသင့်တဲ့ အစားအစာများ

30 Jan 2019     1,810 Views


အာရောဂျံ ပရမံလာဘံဆိုတဲ့အတိုင်း ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ ကျန်းမာရေး ဆိုတာကလဲ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုကနေပါဝင်ပတ်သတ်လို့နေပါတယ်။ လူ့ ခန္ဓာကိုယ်မှာ ကျွန်တော်တို့ဂရုစိုက်ဖို့ ကျန်းမာရေးကတော့ နှစ်မျိုးနှစ်စားရှိပါတယ်။ အဲ့ဒါက ဘာတွေလဲဆိုတော့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးပါ။ လူတစ်ယောက်ဟာ ခန္ဓာကိုယ်ကျန်းမာမှ စိတ်ချမ်းသာနိုင်မှာဖြစ်သလို၊ စိတ်ချမ်းသာမှလဲ ခန္ဓာကိုယ်ကျန်းမာမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ခုဟာတစ်နည်း မဟုတ်တစ်နည်းနဲ့ ဆက်စပ်နေပါတယ်။

ကျွန်တော်တို့ကိုယ်ခန္ဓာအစိတ်အပိုင်းထဲမှာကျောက်ကပ်ဆိုတာကလဲ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပဲမဟုတ်ပါလား။ ကျောက်ကပ်ကျန်းမာခြင်းဟာ အခြားသောကလီစာများရဲ့ ကျန်းမာရေးကိုလဲ များစွာဆယ်နွယ်မှုရှိပါတယ်။ အသည်းကနေ အဆိပ်အတောက်များစွန့်ထုတ်ရာမှာ ကျောက်ကပ်မကောင်းရင် ခန္ဓာကိုယ်မှာအဆိပ်သင့်ပြီးရောဂါများစွာဖြစ်စေပါတယ်။ ကျောက်ကပ်အားနည်းပါက တခြားအင်္ဂါအစိတ်အပိုင်းများရဲ့ လုပ်ဆောင်ချက်ကိုထိခိုက်စေပါတယ်။ မောပန်းနွမ်းလျခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ နောက်ကျောနာခြင်း၊ ကျောရိုးဆက်ကွင်းများ နာကျင်ခြင်းတို့ကိုလဲ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အတွက် ကျောက်ကပ်အားကောင်းစေဖို့စားသုံးသင့်တဲ့ အစားအသောက်တွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ ပန်းဂေါ်ဖီ

၂။ ဘလူးဘယ်ရီ

၃။ ပင်လယ်မှထွက်သော ရေငန်ငါး

၄။ အနီရောင်စပျစ်သီး

၅။ ကြက်ဥ အကာ

၆။ ကြက်သွန်ဖြူ

၇။ သံလွင်ဆီ

 

(ပိုပိုလေး)


30 Jan 2019     1,810 Views




RELATED

Most Popular of Health Fix

Most Popular of Life Style