BEC-TERO TV

ချန်ပီယံဖြစ်ဖို့ ကံတရားက လီဗာပူးလ် အသင်းဘက်မှာ ရှိနေတာလား

30 Jan 2019     1,324 Views


မနေ့ညက မန်စီးတီးအသင်းဟာ နယူကားဆယ် အသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်သွားခဲ့ပါတယ်။ ဘင်နီတက် ကိုင်တွယ်တဲ့ နယူးကာဆယ်အသင်းဟာ မထင်မှတ်ပဲ  အဖိုးတန် သုံးမှတ်ကို ရယူပေးသွားနိုင်ခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ ပွဲစလို့ ၂၆ စက္ကန့်မှာတင် ဦးဆောင်ဂိုး ရရှိခဲ့ပေမဲ့ ဒုတိယပိုင်း မှာ ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ရှုံးနိမ့်သွားခဲ့တာကြောင့် လီဗာပူးလ်နဲ့ အမှတ်ကွာခြားချက်  လျှော့ချနိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ် အသင်းကလည် လက်ကျန် 15 ပွဲမှာ 13 ပွဲ အနိုင် ကစားနိုင်ခဲ့ပါက ပရီးမီးယားလိဂ် ကို ဆွတ်ခူး နိုင်မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို အမှတ်လျှော့ချ နိုင်ဖို့အတွက် အနိုင်ကစားပေးသွားတဲ့ ဟော့ဒ်ဆန် နဲ့ ဘင်နီတက် တို့ဟာ တစ်ချိန်က လီဗာပူးလ် အသင်းရဲ့ နည်းပြဟောင်းတွေပဲဖြစ်ကြပါတယ်။

လီဗာပူးလ် အသင်းဟာ လက်ကျန်ပွဲစဉ်တွေ ကို အကောင်းဆုံးကစားပြီး ပရီးမီးယားလိဂ် ဖလားရယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီညမှာတော့ လီဗာပူးလ်အသင်းဟာ ဒီည ၂း၃၀ မှာ လတ်စတာ အသင်းကို အိမ်ကွင်းမှာလက်ခံကစားသွားရမှာဖြစ်ပါတယ်။

လီဗာပူးလ် ရဲ့ လက်ကျန် ပွဲစဉ်များ

လီဗာပူးလ် - လက်စတာ
ဝက်စ်ဟမ်း - လီဗာပူးလ်
လီဗာပူးလ် - ဘုန်းမောက်
ယူနိုက်တက် - လီဗာပူးလ်
လီဗာပူးလ်  - ၀က်ဖို့ဒ်
အဲဗာတန် - လီဗာပူးလ်
လီဗာပူးလ် - ဘန်လေ
ဖူဟမ် - လီဗာပူးလ်
လီဗာပူးလ် - စပါး
ဆောက်သမ်တန် - လီဗာပူးလ်
လီဗာပူးလ် - ချဲဆီး
ကာဒစ် - လီဗာပူးလ်
လီဗာပူးလ် - ဟတ်ဒါဖီး
နယူးကာဆယ် - လီဗာပူးလ်
လီဗာပူးလ် - ၀ုဖ်

တို့ဖြစ်ပါတယ် ။

 


30 Jan 2019     1,324 Views




RELATED

Most Popular of Football

Most Popular of Sport