BEC-TERO TV

ပန်းဂေါ်ဖီစိမ်းစားသုံးခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ

30 Jan 2019     1,361 Views


၁။ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

သဘာဝကရတဲ့အသီးအနှံတွေနဲ့ အရွက်တွေကိုစားသုံးခြင်းဟာ ကင်ဆာရောဂါမှ ကာကွယ်နိုင်တယ်ဆိုတာတော့ လူတိုင်းသိလိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ အသီးအရွက်တွေ အားလုံးထဲမှာမှာ ပန်းဂေါ်ဖီစိမ်းက ခန္ဓာကိုယ်တွင်းမှာ ကင်ဆာဆဲလ်တွေ မပြန့်ပွားအောင် ကာကွယ်အပေးနိုင်ဆုံးအရာတစ်ခုပါ။ ပန်းဂေါ်ဖီစိမ်းဟာ ဗီတာမင်စီကြွယ်ဝတဲ့အပြင် အမျှင်ဓာတ်လဲအများဆုံးပါဝင်တာကြောင့်  အစာချေဖျက်ရာနေရာမှာ အများဆုံး အထောက်အကူပြုပြီး အစာပြွန်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်တာဆီးပေးပါတယ်။

၂။ အသားအရေလှပဖို့အထောက်အကူပြုခြင်း

ပန်းဂေါ်ဖီစိမ်းစားခြင်းဟာ အသားအရေကိုပိုမိုစိုပြေ လာစေပြီးတင်းရင်းလှပလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အသားအရေမှာလိုအပ်တဲ့ ရေဓာတ်ကိုထိန်းသိမ်းပေးပြီး ကလေးငယ်တစ်ယောက်ရဲ့ အသားအရေကဲ့သို့ချောမွတ် နူးညံ့နေမှာဖြစ်ပါတယ်။

၃။ အရိုးအဆစ်များသန်မာလာစေတယ်

ပန်းဂေါ်ဖီစိမ်းမှာ ခန္ဓာကိုယ်အရိုးအဆစ်အတွက်လိုအပ်တဲ့ ဗီတာမင် K ပါဝင်တာကြောင့် အရိုးအဆစ်တွေအတွက် စားသုံးပေးသင့်ပါတယ်။ သက်ကြီးပိုင်းအရွယ်အမျိုးသမီးကြီးတွေအတွက် ဂေါ်ဖီပန်းစိမ်းကို နေ့စဉ်စားသုံးပေးရင် အရိုး ပျက်ဆီးခြင်းမှကာကွယ်တားဆီးပေးနိုင်ပါတယ်။

၄။ အလွယ်တကူဗိုက်ပြည့်စေခြင်း(သို့) အလွယ်တကူ ဗိုက်မဆာစေခြင်း

ဝိတ်လျော့နေသူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ပန်းဂေါ်ဖီစိမ်း စားခြင်းဟာ ဗိုက်ကိုအလွယ်တကူမဆာစေပါဘူးတဲ့။ ဒါကြောင့် diet လုပ်တဲ့လူတော်တော်များများက သူတို့ရဲ့နေ့စဉ်အစားအသောက်တွေထဲမှာ ပန်းဂေါ်ဖီစိမ်း ပါဝင်အောင်စားကြတာပဲဖြစ်ပါတယ်။

၅။ လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကြွက်သားများသန်မာလာစေခြင်း

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီအလုံအလောက်ပါဝင်တာကြောင့် လေ့ကျင့်ခန်းမလုပ်ပဲ ကြွက်သားများကိုအလိုအလျောက်သန်မာလာစေပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်ပြီး ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်ဖြည့်ပေးခြင်း

လူတော်တော်များများ လေ့ကျင့်ခန်းလုပ်ရင် ချွေးထွက်လွန်ပြီး၊ ခန္ဓာကိုယ်မှ ရေနဲ့ ဓာတ်ဆား အနည်းနဲ့အများဆုံးရှုံးကြရပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ ဗီတာမင်စီဟာ  အဆိုပါ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားကို အမြန်ဆုံးပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။

၇။ ဖူးရောင်တတ်တဲ့အနာတွေကိုအမြန်ဆုံးလျော့ချစေနိုင်ခြင်း

ပန်းဂေါ်ဖီစိမ်းစားခြင်းဟာ ထိမိခိုက်မိတဲ့ ဖူးရောင်ဒဏ်ရာတွေရဲ့ ရောင်ရမ်းခြင်းတွေကို အမြန်ဆုံး လျော့သွားစေဖို့ အထောက်အကူပြုပါတယ်။

(ပိုပိုလေး)


30 Jan 2019     1,361 Views




RELATED

Most Popular of Health Fix

Most Popular of Life Style