BEC-TERO TV

အိမ်ရှေ့မှာ Water Cooler ကြီးချကာ ရေချမ်းစင်လုပ်ပြီး ရေကုသိုလ်ယူထားတဲ့ ခင်လှိုင်

30 Jan 2019     1,551 Views


အနုပညာလမ်းကြောင်းထဲကို လူရွှင်တော်တစ်ယောက်အဖြစ်နဲ့ စတင်ဝင်ရောက်ခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာပါ ၀ါသနာမခေသူတစ်ယောက်ဖြစ်ကာ အကြမ်း၊ အရမ်း၊ ဟာသ ဇာတ်ရုပ်မျိုးစုံကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ၀ါရင့်ဇာတ်ပို့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို များစွာရရှိထားသူဖြစ်ပြီး ယနေ့ထက်တိုင်အနုပညာနယ်ပယ်ထဲမှာ အောင်မြင်နေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အမြဲဆိုသလို ပျော်ပျော်ရွှင်ရွှင်စနောက်နေထိုင်တတ်တဲ့ ဦးခင်လှိုင်ကတော့ စိတ်ရင်းစိတ်ထားကောင်းမွန်သူဖြစ်ပြီး အလှူအတန်းနဲ့ပတ်သက်လာရင်လည်း လက်မနှေးသူဖြစ်ပါတယ်။ စေတနာရှေ့ထားကာ အလှူအတန်းကြီးငယ်တို့ကို အမြဲဆိုသလိုပြုလုပ်လေ့ရှိတဲ့ ဦးခင်လှိုင်တစ်ယောက် ရေအလှူအတန်းလေးတစ်ခုကို ထူးထူးခြားခြားလေးပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ အဲ့တာကတော့ ဦးခင်လှိုင်တစ်ယောက် သူ့ရဲ့အိမ်ရှေ့မှာ Water Cooler ကြီးချကာ ရေချမ်းစင်အဖြစ် ရေကုသိုလ်လုပ်ထားတာပဲဖြစ်ပါတယ်။

အိမ်ရှေ့ကဖြတ်သွားတဲ့ လမ်းသွားလမ်းလာတွေအတွက် အမောပြေရေအေးအေးလေးသောက်သုံးနိုင်အောင် လုပ်ပေးထားတာမို့ တကယ့်ကို စိတ်ကူးစေတနာကောင်းလေးပါနော်။ အလှူအတန်းအကြီးကြီးမဟုတ်ပေမယ့်လည်း အများတကာအတွက် ဒီလိုမျိုးသပ်သပ်ရပ်ရပ်လေးနဲ့ စေတနာအရင်းခံပြီး ပြုလုပ်ထားတဲ့အလှူဖြစ်တာကြောင့် ဦးခင်လှိုင်တစ်ယောက်လည်း တူသောအကျိုးကိုခံစားရမှာပါနော်။ ရေအလှူကုသိုလ်လေးပြုလုပ်ထားကြောင်းကိုတော့ ဦးခင်လှိုင်က သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ “ကျွန်တော့်အိမ်ရှေ့က ရေချမ်းစင်” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဦးခင်လှိုင်ရဲ့ မွန်မြတ်တဲ့အလှူလေးကို သာဓုခေါ်နိုင်ကြပါစေနော်…

 

 


30 Jan 2019     1,551 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment