BEC-TERO TV

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြထိုင်ခုံလှုပ်လာတဲ့ ဆာရီ

31 Jan 2019     1,315 Views


မနေ့က ချလ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး အမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၆ နေရာသို့ လွှဲပြောင်းပေးခဲ့ရပါတယ်။ ချလ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းကို တစ်ဖက်သတ်ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ ဘုန်းမောက်၏ တန်ပြန်တိုက်စစ်ကောင်းမွန်မှုကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ ၁၉၉၆ စက်တင်ဘာလက လီဗာပူးကို ၅-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်အဖြစ် အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ချဲလ်ဆီးအသင်းဟာ ဂိုးသွင်းခွင့်တွေရရှိခဲ့ပြီး ပွဲချိန် ၆မိနစ်မှာ ကိုဗာဆစ်ရဲ့ခေါင်းတိုက်ချက်ကို အိမ်ရှင်ဂိုးသမား ဘိုရပ်က ကာကွယ်ပုတ်ထုတ်ခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ပထမပိုင်းမှာ ဘောလုံးပေးပို့မှု ၄၀၅ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု ၅ကြိမ်ပဲပြုလုပ်နိုင်ခဲ့ပြီး ခံစစ်ပိတ်ကစားသွားတဲ့ ဘုန်းမောက်အသင်းကို ထိုးဖောက်ရခက်ခဲခဲ့ပါတယ်။

ဒီပွဲမှာ တိုက်စစ်မှူး ဟီဂူအင် ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ၆၅မိနစ်ကြာ ပါဝင်ကစားခဲ့ပြီး ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိခဲ့ပေမယ့် ဟာဇက်နဲ့ အပေးအယူ ၁၅ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ သိပ်မကြာခင် ကာရာဘောင်ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ကစားရမှာဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်၊ မန်ယူတို့နဲ့အားပြိုင်နေရလို့ အလျင်အမြန်ခြေစွမ်းတိုးတက်ဖို့ လိုအပ်နေပါတယ်။

အဆိုပါရှုံးပွဲကြောင့် ချလ်ဆီးနည်းပြဆာရီဟာ နည်းပြထိုင်ခုံလှုပ်နေပြီး အသင်းကို နိုင်ပွဲတွေနဲ့ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။


31 Jan 2019     1,315 Views




RELATED

Most Popular of Football

Most Popular of Sport