BEC-TERO TV

ထိုင်းနိုင်ငံကရိုက်ကူးတဲ့ ရုပ်ရှင်ကားတွင်ဇာတ်ဝင်သီချင်းပါဝင်သီဆိုခဲ့ရတဲ့ ဖြူဖြူကျော်သိန်း

31 Jan 2019     3,515 Views


မြန်မာနိုင်ငံမှ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းဟာ သူမရဲ့ အားကောင်းလှတဲ့ အသံပါဝါကြောင့် အောင်မြင်ကျော်ကြားလူသိများသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံမှာသာမက ပြည်ပထိပါ သွားပြီးအနုပညာလုပ်ရှားမှုတွေ လုပ်နေရသူတစ်ဦးပါ။

Galaxy Star Myanmar မှာတုန်းကလဲ ဒိုင်တစ်ယောက်အဖြစ် တောင်ကိုးရီးယားနိုင်ငံမှာ မြန်မာအဆိုတော်တစ်ယောက်အနေနဲ့ သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။

အခုအချိန်မှာလဲ မြန်မာနိုင်ငံမှာ တည်နေရာထားပြီး လာရောက်ရိုက်ကူးသွားတဲ့ ထိုင်းရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ဇာတ်ဝင်သီချင်းကို မြန်မာဘာသာနဲ့သီဆိုထားတာတွေ့ရပါတယ်။

ရုပ်ရှင်ကားနာမည်ကတော့ Friend Zone ဖြစ်ပြီး  Nine Naphat နဲ့ Baifern Pimchnok တို့က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပြီးတော့ ဒီကားဟာမြန်မာနိုင်ငံတစ်ခုတည်းမှာပဲ local ထားပြီးရိုက်ကူးတာမဟုတ်ပါဘူး။ မြန်မာအပါအဝင် တခြားနိုင်ငံတွေဖြစ်တဲ့ လာအို၊ ဖိလစ်ပိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အစရှိတဲ့ အာရှနိုင်ငံတွေမှာ လှည့်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်ဝင်သီချင်းကိုလဲ ထိုင်း၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား  အစရှိတဲ့ ဘာသာစကား (၉)မျိုးနဲ့ရေးစပ်သီဆိုခဲ့တာဖြစ်ပြီး ထိုသီချင်းထဲမှာပါဝင်တဲ့ မြန်မာစာသားကိုတော့ ချမ်းသာကြည်စိုးက ရေးသားထားတယ်လို့သိရပါတယ်။

ဘာသာစကားတွေမတူ၊ နိုင်ငံချင်း မတူညီကြပေမဲ့ လူတစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာကို ဖော်ပြပုံခြင်းတူတယ်လို့ သီချင်းစာသားလေးတွေက ဖော်ပြနေပါတယ်။ ဘယ်လိုပင် မတူညီတဲ့ဘာသာစကားတွေနဲ့ ရေးစပ်သီဆိုထားတဲ့သီချင်းဖြစ်နေပါစေ ဂီတ ကအရာအားလုံးကိုတစ်သားတည်းဖြစ်စေတယ်ဆိုတာ ဒီသီချင်းလေးကဖော်ပြနေပါတယ်။ ဖြူဖြူကိုယ်တိုင် ပါဝင်သီဆိုထားတဲ့ သီချင်းလေးမို့ ခံစားနားဆင်ကြည့်လိုက်ကြပါဦးပရိတ်သတ်ကြီးရေ။


31 Jan 2019     3,515 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS