BEC-TERO TV

လေယာဉ်ပျောက်ဆုံးရာမှာ ပါဝင်ခဲ့တဲ့ ဆာလာနဲ့ပါတ်သတ်ပြီး သဲလွင်စ တွေရှိ

31 Jan 2019     1,784 Views


ကာဒစ်တိုက်စစ်မှူး ဆာလာရဲ့ လေယာဉ် အပိုင်အဆ လိုယူဆရတဲ့ ထိုင်ခုံကူရှင် ၂ ခုကိုရှာတွေ့ ခဲ့တယ်လို့ ရှာဖွေးရေးအဖွဲ့ က ကြေညာလိုက်ပါတယ်။ အဲ့ဒီ အပိုင်းအစတွေဟာ လေယာဉ်ပျောက်ဆုံးရာ နေရာရဲ့ မိုင်၃၀ အကွာမှာ ပြင်သစ်ကမ်းခြေမှာ ရှာဖွေတွေ့ ရှိခဲ့တာပါ။

ဆာလာဟာ နန့်တတ်စ်အသင်းမှ ကာဒစ်အသင်းကို သီးသန့်လေယာဉ်နဲ့ ထွက်ခွာခဲ့တဲ့ အချိန်မှာ ပျောက်ဆုံးနေခဲ့ပြီး လေယာဉ်ပျက်ကျတယ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ထပ်အပိုင်းအဆ တွေကို တွေရှိဖို့အတွက် ဆက်လတ်ရှာဖွေနေပြီး ဆာလာ သတင်းကို သိရဖို့ နီးစပ်နေပြီးလို့သိရပါတယ်။

ထိုင်ခုံကူရှင်နှစ်ခုထဲက တစ်ခုကိုတွေ့ခဲ့သူက ကလေးထိန်းတစ်ဦးဖြစ်တဲ့ ဂျိုးဆပ်ဘားနက်ဒ် ဆိုသူဖြစ်ပါတယ်။သူက”စနေနေ့ ညနေ ၄ နာရီလောက်တုန်းက  ကမ်းခြေမှာကျွန်မလမ်းလျှောက်နေတာ။ တစ်နာရီလောက်လည်းကြာရော ပင်လယ်ထဲကနေ တစ်ခုခုမျောပါလာတာကိုတွေ့လိုက်ရာမှ ပြင်သစ်ရဲတပ်ဖွဲ့ ကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သူမကပြောပါတယ်။


31 Jan 2019     1,784 Views




RELATED

Most Popular of Football

Most Popular of NEWS