BEC-TERO TV

တစ်ချိန်က စက်ရုပ်အကမင်းသားကြီး ပီတာခရော့ ပရီးမီးယားလိဂ် ကို ပြန်လာပီ

01 Feb 2019     1,484 Views


တစ်ချိန်က စက်ရုပ်အကနဲ့အောင်ပွဲခံပုံ နဲ့ နာမည်ကြီးတဲ့ ပီတာခရော့ ကို ပရီးမီးယားလိဂ် ကလပ် ဘန်လေအသင်းက ခေါ်ယူလိုက်ပါတယ်။ သူအသင်းကို ရောက်ရှိလာခဲ့ပြီးနောက် ဘန်လေအသင်းဟာ စက်ရုပ်တွေပါဝင်တဲ့ ဗီဒီယိုနဲ့  ပရိတ်သတ်တွေကို မိတ်ဆက် ပြသလိုက်တာပါ။ ခရော့ကိုမိတ်ဆက်ခဲ့တဲ့ ဗီဒီယိုမှာ ကလပ်ရဲ့လေ့ကျင့်ရေးစင်တာထဲကို စက်ရုပ်ဝင်လာပြီးနောက် ပီတာခရော့ခ်ျက ဒီစက်ရုပ်ကိုဘောလုံးနဲ့ ကန်ထုတ်လိုက်တာကို ဖော်ပြထားတာဖြစ်ပါတယ်။

အသက်၃၈ နှစ်ရှိနေပြီဖြစ်တဲ့ ခရော့ကို ဘန်လေအသင်းက ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး အပြောင်းအရွေ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသင်းမှ ဆမ်ဗုက်စ် ကို ၃ နှစ်ခွဲစာချုပ်နဲ့ စတုတ်စီးတီး အသင်းကို ပြောင်းရွေ ခွင့်ပြုရပါတယ်။ အဆိုပါ အပြောင်းအရွေ့ အတွက် ဘန်လေဟာ ပေါင် ၈ သန်းနီးပါး ရရှိတယ်လို့လည်း အင်္ဂလန်အတင်းတွေ အရသိရပါတယ်။

ခရော့ဟာ စပါး၊ ကျူပီအာ ၊ အက်စတွန်ဗီလာ၊ ပို့စမောက် ၊ လီဗာပူးလ် ၊ ဆောက်သမ်တန် ၊စတုတ်စီးတီ  အင်္ဂလန်ကလပ်အသင်းအများစုမှာ ကျင်လည်ခဲ့ဖူးတာတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ခရော့ခ်ျဟာ ကစားသမားဘဝအောင်မြင်မှုရတဲ့အချိန်တုန်းက ဂိုးသွင်းပြီးရင် စက်ရုပ်အကနဲ့အောင်ပွဲခံပြခဲ့သဖြစ်လို့ ဒါနဲ့ဘဲနာမည်ကျော်ကြားခဲ့သူဖြစ်ပါတယ်။သူဟာအသက် ၃၈ နှစ်ပြည့်ပြီး ၂ ရက်အကျော်မှာ ဘန်လေကိုရောက်လာခဲ့သူဖြစ်ပေမယ့် အသက်အရွယ်ကို ထည့်မစဉ်းစားဘူးလို့နည်းပြရှောင်ဒိုင်ချီကဆိုပါတယ်။

ခရော့ဟာ ကစားသမားအောင်မြင်မှုရရှိချိန်က ဂိုးသွင်းပြီးရင် စက်ရုပ်အကနဲ့ အောင်ပွဲခံပုံနဲ့ နာမည်ကျော်ကြားခဲ့တာဖြစ်ပါတယ်။ အသက်အရွယ် ရနေပြီ ဖြစ်တဲ့ ခရော့ဟာ ဘန်လေအသင်းကို ရောက်လာခဲ့ပေမဲ့ သူရဲ့ စကေးတွေကို ပြန်မြင်ရမယ်လို့ နည်းပြရှောင်ဒိုင်ချီက ဆိုပါတယ်။ခရော့ဟာ ပရီးမီးယာလိဂ်ကို တဖန်ရောက်ရှိလာခဲ့ပြီး အရင်လို ဂိုးတွေသွင်းယူပြီး စက်ရုပ်အကနဲ့အောင်ပွဲခံပုံကို မြင်တွေ့ ရတော့မှာဖြစ်ပါတယ်။

 

 


01 Feb 2019     1,484 Views




RELATED

Most Popular of Football

Most Popular of Sport