BEC-TERO TV

ညအိပ်မပျော်တဲ့ လူတွေရှောင်သင့်တဲ့ အစားအစာ(၇)မျိုး

01 Feb 2019     1,488 Views


၁။ လိမ္မော်သီး၊ ရှောက်သီး အစရှိတဲ့အချဉ်ဓာတ်ပါတဲ့အသီးများ

ပုံမှန်အားဖြင့် ကျန်းမာရေးနဲ့ ညီညွှတ်အောင်အချဉ်ဓာတ်ပါတဲ့အသီးတွေကို စားသုံးတာကောင်းပေမယ့် အချဉ်သီးတွေနဲ့ အချဉ်ဓာတ်များနည်းတူ သကြားဓာတ်လဲ အများအပြားပါဝင်နေပါတယ်။ ညအိပ်ခါနီး သကြားဓာတ်များတဲ့ အစားအစာတွေကို စားချင်ဟာ လွယ်လွယ်နဲ့အိပ်ပျော်စေဖို့အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီးမှာ တခြားသကြား ဓာတ်နည်းတဲ့ ပန်းသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သဖန်းသီး တို့ကိုစားသုံးနိုင်ပါတယ်။

၂။ ပန်းဂေါ်ဖီစိမ်း

အမျှင်ဓာတ်အများဆုံးပါဝင်တဲ့ ပန်းဂေါ်ဖီစိမ်းကို မှန်မှန်စားသုံးပေးတာကောင်းပါတယ်။ သို့ပေမဲ့ ပန်းဂေါ်ဖီစိမ်းမှာလဲ ချေဖျက်ရခက်တဲ့ အမျှင်ဓာတ်တချို့ပါဝင်တာကြောင့် အစာအိမ်လမ်းကြောင်းကို အနည်းငယ်ဒုက္ခပေးပြီး ညအိပ်မရတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

၃။ တရုတ်နံနံ

တရုတ်နံနံဟာ ရေဓာတ်အများဆုံးပါဝင်တဲ့အရွက်တစ်ခုဖြစ်ပြီး ဆီးရွှင်စေပါတယ်။ ဒါကြောင့် ညအိပ်ခါနီး တရုတ်နံနံစားမိရင် ဆီးအိမ်တင်းပြီး ဆီးခဏတိုင်းသွားနေတာကြောင့် အလွယ်တကူ အိပ်ပျော်နိုင်စေဖို့ အနှောင့်အယှက်ဖြစ်ပါလိမ့်မယ်။

၄။ အသားကင်

ညအိပ်ခါနီး အဆီနဲ့ ပရိုတင်းများစွာပါဝင်တဲ့အသားတွေကိုစားသုံးခြင်းဟာ သင့်ကို အိပ်ပျော်ဖို့ခက်ခဲစေပါလိမ့်မယ်။ အထူးသဖြင့်အနီရောင်ရှိတဲ့အသားတွေကို မစားသုံးသင့်ပါဘူး။

၅။ ပူစပ်တဲ့အစားအစာများ

အိပ်ခါနီး ပူပူစပ်စပ်အစားစားအစာတွေစားသုံးခြင်းဟာ အစာအိမ်ကိုသက်တောင့်သက်သာမဖြစ်စေပါဘူး။ လွယ်လင့်တကူ အိပ်ပျော်သွားစေဖို့ အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အိပ်ပျော်သွားတဲ့အခါမှာလဲ အိပ်မက်ဆိုးတွေမက်ဖို့ ဖြစ်နိုင်ချေအများဆုံးရှိတယ်လို့ သုတေသီတွေကပြောကြားထားပါတယ်။

၆။ သရေစာများ

ညအိပ်ခါနီးမှာ အချိုဓာတ်အများဆုံးပါဝင်တဲ့ သရေစာတွေနဲ့ ဆီကြော်တွေကို မစားသုံးသင့်ပါဘူး။ ဒီအရာတွေဟာ ကာဗိုဟိုက်ဒရိတ်အများအပြားပါဝင်တဲ့အတွက် လူကိုအမြဲ တက်ကြွနိုးကြားနေစေပြီး အိပ်ပျော်ဖို့ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၇။ အသင့်စား အစားအစာများ

ဂတ်စ် နဲ့ ဆီကြော်စာတွေအစရှိတဲ့အသင့်စား snack တွေစားသုံးခြင်းဟာ ညအိပ်ရာ စောစောဝင်စေဖို့ အနှောင့်အယှက်ပေးပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ အစာအိမ်မှာ ဆီတွေနဲ့ ဂတ်စ်တွေပြည့်ဝနေမယ်ဆိုရင် နေထိုင်လို့ကောင်းတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် လွယ်လွယ်နဲ့အိပ်မပျော်စေတာဖြစ်ပါတယ်။
 
(ပိုပိုလေး)

01 Feb 2019     1,488 Views




RELATED

Most Popular of Health Fix

Most Popular of Life Style