BEC-TERO TV

မှတ်ဉာဏ်အားနည်းစေဖို့ ကိုယ့်ကိုယ်ကိုဖျက်ဆီးနေမိတဲ့အကျင့်ဆိုး (၇)ချက်

01 Feb 2019     1,471 Views


၁။ မနက်စာမစားခြင်း

လူတစ်ယောက် မှတ်ဉာဏ်ကောင်းဖို့အတွက်ဆိုရင် မနက်စာကိုအပြည့်အဝစားဖို့လိုအပ်ပါတယ်။ ဒါမှ တစ်နေကုန်အားအင်အပြည့်နဲ့ လုပ်ငန်းဆောင်တာများကို အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၂။ အိပ်ချိန်အလုံအလောက်မရရှိခြင်း

လူတစ်ယောက်ဟာ တစ်ရက်ကိုပုံမှန်အိပ်ချိန် (၈) နာရီထက်မနည်းရှိသင့်ပါတယ်။ အိပ်ချိန်နည်းပါးလွန်းတဲ့လူတစ်ယောက်ဟာ အချိန်ကြာရင်အမေ့လွန်တဲ့ရောဂါတစ်ခုတောင် ရကောင်းရလာနိုင်ပါတယ်။

၃။ အစားအသောက်ကို လိုတာထက်ပိုစားခြင်း

အစားအသောက်ကို လိုတာထက်ပိုစားရင်အဝလွန်တဲ့ရောဂါဖြစ်လာစေပါမယ်။ လိုတာထက် ပိုစားမိတော့ ခန္ဓာကိုယ်အတွက်အာဟာရမဖြစ်ပဲ အဆီပိုတွေဖြစ်လာပါလိမ့်မယ်။ အဝလွန်ခြင်းဟာလဲ လူတစ်ယောက်ကို ထုံထိုင်းစေနိုင်တာကြောင့် ဦးနှောက်မှတ်ဉာဏ်ကို အားနည်းစေပါတယ်။

၄။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ ဦးနှောက်အာရုံကြောကိုထိခိုက်စေနိုင်တာကြောင့် မှတ်ဉာဏ်ကောင်းချင်တယ်ဆိုရင် ဆေးလိပ်မသောက်ဖို့အကြံပြုပါရစေ။

၅။ ရေသောက်နည်းခြင်း

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ လူတစ်ယောက်ရေသောက်နည်းရင် အာရုံစူးစိုက်မှုအားလျော့နည်းသွားစေပြီး မှတ်ဉာဏ်အားနည်းစေပါလိမ့်မယ်။

၆။ သကြားပါတဲ့ အချိုဓာတ်တွေများများစားမိခြင်း

ပုံမှန်အားဖြင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ သကြားဓာတ်လိုအပ်ပေမယ့် သကြားအစားများရင်တော့ ဦးနှောက်ကို ထိခိုက်လာတာတွေဖြစ်လာစေပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ကောင်းစေချင်တယ်ဆိုရင် သကြားပါတဲ့ အချိုတွေလျော့စားဖို့လိုပါတယ်။

၇။ မိမိကိုယ်ကို Stress ပိစေခြင်း

Stress ပိစေတာက တစ်စုံတစ်ခုကို အလေးအနက်စဉ်းစားလွန်ပြီး အဖြေမထွက်လာတဲ့အခါမျိုးမှာ ဖြစ်တတ်ကြပါတယ်။ ဒီလို တွေးလွန်းတာက ဦးနှောက်ဆဲလ်တွေကိုပျက်ဆီးစေပြီး မှတ်ဉာဏ်ကို အားနည်းစေပါတယ်။
 
(ပိုပိုလေး)

 


01 Feb 2019     1,471 Views




RELATED

Most Popular of Health Fix

Most Popular of Life Style