BEC-TERO TV

တင်းရင်းလှပတဲ့ ကောက်ကြောင်းကိုဘယ်ညာယိမ်းကာ ရင်တွေဖိုအောင်ဖမ်းစားထားတဲ့ သင်ဇာရဲ့ဗီဒီယို

04 Feb 2019     2,086 Views


ယခုနောက်ပိုင်း ၀တ်စားဆင်ယင်မှုဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်တစ်ခွင်ပြဲပြဲစင်အောင် ဝေဖန်ပြောဆိုမှုတွေနဲ့ နာမည်ကြီးဂယက်ရိုက်လာတဲ့ သင်ဇာဝင့်ကျော်ကတော့ လူလဲလှသလို  စိတ်ထားလေးလဲ ဖြူစင်သူဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာ နှစ်ပေါင်းများစွာအောင်မြင်မှုတွေကို သိမ်းပိုက်ရရှိထားတဲ့ သင်ဇာကတော့ ပရိသတ်ရဲ့အချစ်တွေကို အပြည့်အ၀ပိုင်ဆိုင်ထားတဲ့ အချစ်တော်မင်းသမီးလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ပွင့်လင်းဖြူစင်တဲ့စိတ်ထားလေးကြောင့်ပင် သူမဘာလုပ်လုပ် အပြစ်မမြင်ပဲ သဲသဲလှုပ်ချစ်နေကြတဲ့ ပရိသတ်တွေကအများသားပါ...

ရုပ်ရှင်ရိုက်ကူးမှုထက် ပွဲတက်တွေနဲ့ ကြော်ငြာရိုက်ကူးမှုတွေကိုပိုမိုလုပ်ကိုင်နေတဲ့ သင်ဇာဝင့်ကျော်တစ်ယောက် ခေတ်ရှေ့ပြေးကာ ပိုမိုဟော့ရမ်းလာတဲ့ Sexy ဖက်ရှင်တွေကို ၀တ်စားလာမှုက တစ်ချို့ပရိသတ်တွေအတွက် အမြင်ရိုင်းစရာတွေဖြစ်နေခဲ့တာကြောင့် ဝေဖန်မှုတွေပြင်းထန်လာတာပဲဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုကြောင့် ယခုလိုမျိုးဝတ်စားရတာဖြစ်ပြီး သမာသမတ်ကျတဲ့ သူမရဲ့စီးပွားရေးမို့ ဆက်လက်ဝတ်ဆင်သွားဦးမှာပါလို့လဲ ပြောကြားထားပါသေးတယ်။

သင်ဇာရဲ့ကျစ်လစ်တောင့်တင်းတဲ့ အမိုက်စားဘော်ဒီအလှက ပုရိဿတွေကိုဆွဲဆောင်ထားရုံသာမက မိန်းကလေးအနုပညာရှင်အချင်းချင်းတောင် အားကျရလောက်အောင် ဖမ်းစားထားနိုင်ပါတယ်။ အမြဲဆိုသလို သူမရဲ့ကျစ်လစ်လှပတဲ့ကောက်ကြောင်းအလှတွေကို ချပြပြီး အားလုံးရဲ့အကြည့်တွေကိုမလွတ်တမ်းဖမ်းစားနိုင်ခဲ့တဲ့ သင်ဇာကတော့ ယခုတစ်ခါမှာလည်း တင်းရင်းလှပတဲ့ ကောက်ကြောင်းတွေကို ဘယ်ညာယိမ်းပြီး ဆွဲဆောင်မှုရှိရှိဖမ်းစားလိုက်ပြန်ပါပြီ။ အကြည့်တွေမခွာနိုင်အောင် ဖမ်းစားထားမယ့် သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုဖိုင်ကို မျှဝေပေးလိုက်ပါတယ်။


04 Feb 2019     2,086 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment