BEC-TERO TV

ကြက်ဥပြုတ်နေ့တိုင်းစားခြင်းဖြင့်ရရှိလာမယ့် အကျိုးကျေးဇူးများ

04 Feb 2019     2,822 Views


၁။ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ကြွယ်ဝခြင်း

ပရိုတင်းဆိုတာ ကိုယ်ခန္ဓာကြွက်သားတွေကို တောင့်တင်းခိုင်မာစေဖို့ အထောက်အကူဖြစ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါ့အပြင် ပရိုတင်းဓာတ်ကြွယ်ဝတာဟာ အစာချေဖျက်တဲ့စနစ်ကို အားကောင်းစေတာပြီး ကျန်းမာရေးနဲ့ညီညွှတ်စေပါတယ်။

၂။ သဘာဝစွမ်းအား

Energy drink တွေ၊ ကော်ဖီတို့ လက်ဖက်ရည်တို့သောက်နေမယ့်အစား ကြက်ဥတစ်လုံးကို ဖောက်သောက်လိုက်တာက သင့်အတွက် သဘာဝကပေးတဲ့ အာဟာရဓာတ်တွေကို အပြည့်အဝရရှိစေနိုင်မှာဖြစ်ပါတယ်။

၃။ မျက်စိအားကောင်းစေခြင်း

ကြက်ဥမှာ အများဆုံးပါဝင်တဲ့ ဗီတာမင် A ကမျက်စိရဲ့ အမြင်အာရုံစွမ်းအားကိုအရင်ကထက်ပိုပြီးကောင်းလာစေမှာပဲဖြစ်ပါတယ်။

၄။ နှလုံးရောဂါဖြစ်ပွားစေခြင်းမှ ကာကွယ်ပေးခြင်း

ပုံမှန်အားဖြင့် ကြက်ဥကို နှလုံးရောဂါရှိတဲ့လူတွေမစားရ လို့တားမြစ်တာမျိုးတွေရှိခဲ့ပါတယ်။ ဒါဟာမမှန်ပါဘူး။ ကြက်ဥက နှလုံးအတွက်အင်မတန်မှကောင်းတာကြောင့် စားသုံးသင့်တဲ့ထဲပါပါတယ်။

၅။ ဦးနှောက်မှတ်ဉာဏ်စွမ်းအားကို ပိုမိုအားကောင်းလာစေခြင်း

ကြက်ဥအကာကို စားသုံးခြင်းဖြင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားကို ဒီထက်ပိုကောင်းလာစေနိုင်ပါတယ်။

၆။ ကိုလက်စထရော Level အတက်အကျထိန်းပေးခြင်း

လူ့ခန္ဓာကိုယ်မှာ ကိုလက်စထရောအတက်အကျက အရေးကြီးတာမို့ ကိုလက်စထရောကို ညီညွှတ်မျှတစေတဲ့ ကြက်ဥကိုနေ့စဉ်စားသုံးပေးသင့်ပါတယ်။

၇။ အသားအရေကို နေလှောင်ဒဏ်လျော့နည်းစေနိုင်ခြင်း

ကြက်ဥနေ့စဉ်စားသုံးပေးခြင်းဟာ အသားအရေကို နေလှောင်ခြင်းမှကင်းဝေးစေပါတယ်။

(ပိုပိုလေး)


04 Feb 2019     2,822 Views




RELATED

Most Popular of Health Fix

Most Popular of Life Style