BEC-TERO TV

နန်းစုရဲ့ ပါပါးနဲ့မာမားဆီက အန်ပေါင်းလက်ဆောင်ရလို့ လွှတ်ပျော်နေတဲ့ G Fatt

05 Feb 2019     1,809 Views


အနုပညာဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာကိုရရှိပိုင်ဆိုင်ထားပြီဖြစ်တဲ့ အဆိုတော် G Fatt ဆိုရင် မကြိုက်တဲ့သူမရှိလောက်အောင် လူငယ်တွေကြားသာမက လူရွယ်တွေကြားမှာပါ သူ့ရဲ့သီချင်းတွေက ရေပန်းစားနေတာပဲဖြစ်ပါတယ်။ အမိုက်စားကိုယ်ပိုင်သံစဉ်စာသားတွေ၊ ကာရံညီညီထိမိတဲ့ ရသမ်တွေကြောင့် G Fatt ရဲ့သီချင်းတိုင်းက ပရိသတ်ရဲ့ရင်ကိုထိရှစေခဲ့တာပဲဖြစ်ပါတယ်။

ခေတ်လူငယ်တစ်ယောက်မို့ နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက်ဝန်းရံခြင်းပါခံထားရတဲ့ G Fatt ကတော့ အရုပ်မလေးလိုလှပလွန်းတဲ့ ချစ်သူချောချောလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ ချစ်သူ နန်းဆုရတီစိုးက တရုတ်မလေးဖြစ်တာကြောင့် တရုတ်နှစ်ကူးရက်မှာ ဂျီဖက်တစ်ယောက် နန်းစုရဲ့ ပါပါးနဲ့ မားမားဆီက အန်ပေါင်းလက်ဆောင်ရရှိခဲ့ပါတယ်။

ချစ်သူရဲ့ မိဘတွေဆီက အန်ပေါင်းလက်ဆောင်ရခဲ့တာမို့ ဂျီဖက်တစ်ယောက် အတိုင်းမသိပျော်ရွှင်ဝမ်းသာလို့နေကာ ဖေ့စ်ဘွတ်ကနေတစ်ဆင့် သူ့ရဲ့ပျော်ရွှင်မှုတွေကို ဝေမျှထားတာပဲဖြစ်ပါတယ်။ ဂျီဖက်က အန်ပေါင်းမရခင်လေးမှာ “အန်ပေါင်းမလိုပါဘူး တရုတ်မလေးရယ် အချစ်ပဲလိုပါတယ်” ဆိုပြီး စနောက်ရေးသားခဲ့ပါသေးတယ်။ အန်ပေါင်းလက်ဆောင်လေးရရှိခဲ့ပြီး လူကြီးတွေရဲ့ချစ်ခင်မှုကိုပါ ရရှိတဲ့အတွက် လူငယ်တစ်ယောက်အနေနဲ့ အလွန်ပင်ဝမ်းသာမိတယ်လို့လဲ ဆိုထားပါတယ်။ ဂျီဖက်ကတော့ နန်းစုရဲ့ ပါးပါးနဲ့မားမားပေးတဲ့ နှစ်ကူးလက်ဆောင်ကြောင့် အရမ်းတွေပျော်နေတာကို ပရိသတ်ကြီးလဲ မြင်တွေ့ရမှာပါနော်...

 

 


05 Feb 2019     1,809 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment