ဟော်ကီ ရေခဲပြင်ပေါ်မှာ အရှက်တကွဲ ချော်လဲကျ ခဲ့တဲ့ မော်ရင်ဟို
05 Feb 2019 1,806 Views

မန်ယူနည်းပြဟောင်း မော်ရင်ဟိုဟာ ဘောလုံးလောက ကနေ ခေတ္တအနားယူနေစဉ်အတွင်း ဈေးကွက်မြှင့်တင်ရေးအတွက် ဟော်ကီ ရေခဲပြင်ပေါ်မှာ ပြုလုပ်တဲ့ ပွဲကိုတတ်ရောက်ပေးတာဖြစ်ပါတယ်။
ဆာဖီးယားက ရေခဲ့ပြင်ဟော်ကီပွဲတစ်ခုမှာ အထူးဧည့်သည်တော်အဖြစ် တတ်ရောက်ဖို့ ဖိတ်ကြားခြင်းခံခဲရပါတယ်။ မော်ရင်ဟိုဟာ ရေခဲ့ပြင်ပေါ်မှာ ချော်လဲပီး ကျွမ်းထိုးမှောက်ခုံ လဲကျခဲ့မှုကြောင့် အရှက်တကွဲဖြစ်ခဲ့ရပါတယ်။

Avangard Omsk အသင်းဟာ ရေခဲ့ပြင် ဟော်ကီကလပ်ဖြစ်တဲ့ SKA Saint Omshk အသင်းနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ပွဲအစမှာ မော်ရင်ဟိုက ဟော်ကီဒိုးပြားကို ကွင်းတွင်းပစ်ချအပြီး ပြန်လှည့်မှာ ကော်ဇော်နဲ့ချောပြီး ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကောဇောဟာ မော်ရင်ဟိုအတွက် သီးသန့်ခင်းကျင်းထားတာဖြစ်ပြီး မော်ရင်ဟို အဲ့အပေါ်မှာပဲ ချောလဲကျခဲ့တာပါ။လဲကျခဲ့ပြီးနောက် ရုရှားအားကစားသမားတွေက ဆွဲထူပေးခဲ့ကြပါတယ်။
ကွင်းအတွင်းမှာ လဲကျခဲ့တဲ့ မော်ရင်ဟိုအတွက် ရုရှားဟော်ကီအဖွဲ့ ချုပ်က စိတ်မကောင်းကြောင်းဖော်ပြသွားပါတယ်။ မော်ရင်တစ်ယောက်လည်း စိုးရိမ်စရာမရှိပါဘူးလို့ ထည့်သွင်းဖော်ပြထားပါတယ်။

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ Avangard Omsk အသင်းအတွက် ဈေးကွက်မြှင့်တင်ရေးအတွက် အဆိုပါပွဲကို တတ်ရောက်ခဲ့တာဖြစ်ပါတယ်။






