BEC-TERO TV

ပရိသတ်တွေရဲ့ ချီးကျူးထောပနာပြုမှုတွေ ဝေဆာနေတဲ့ စိတ်ဝေဒနာရှင်မလေးဆီ ဇေရဲထက်ရဲ့သွားရောက်တွေ့ဆုံမှု

05 Feb 2019     1,743 Views


မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေထဲက နာမည်ကြီးအောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်သူ ဇေရဲထက်ကတော့ သူ့ကိုအားပေးချစ်ခင်တဲ့ ပရိသတ်များစွာကိုပိုင်ဆိုင်ထားသူပါ။ မိသားစုနဲ့အဝေး ရန်ကုန်မှာတစ်ယောက်တည်း အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ရင်း အောင်မြင်တဲ့ဘ၀လမ်းကြောင်းကို လျှောက်လှမ်းနေသူလည်းဖြစ်ပါတယ်။

ဇေရဲထက်ကတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ သူ့ကိုအမာခံအားပေးနေတဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က စိတ်ဝေဒနာရှင်မလေးဆီသွားရောက်တွေ့ဆုံခဲ့ပါတယ်။ စိတ်ဝေဒနာရှင်မလေးဟာ သူချစ်ခင်အားပေးရတဲ့ မင်းသားဇေရဲထက်ကိုအပြင်မှာတွေ့ဖူးချင်တယ်ဆိုပြီးပြောထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု အွန်လိုင်းမှာပြန့်နှံ့သွားရာမှ ဇေရဲထက်ကမြင်တွေ့ပြီး ၀မ်းနည်းစိတ်မကောင်းဖြစ်ကာ လူကိုယ်တိုင်သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

အလုပ်တွေမအားလပ်တာကြောင့် သွားတွေ့ဖို့အချိန်အနည်းငယ်ကြန့်ကြာနေခဲ့ပြီး ကောင်မလေးကလဲ ဇေရဲထက်သူမဆီလာတွေ့မယ့်ရက်ကိုပဲ နေ့စဉ်စောင့်စားနေတာဖြစ်ပါတယ်။ ပရိသတ်တွေကပါ ကောင်မလေးဆီအမြန်ဆုံးသွားတွေ့ဖို့ တိုက်တွန်းချက်တွေကြောင့် ဇေရဲထက်ဟာ (၅) ရက်နေ့မှာတော့ အရောက်သွားတွေ့မယ်လို့ပြောခဲ့ကာ ယနေ့မှာတော့ အမှန်တကယ်ပင်သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ထိုကောင်မလေးဆီ သွားမတွေ့ခင်ရက်မှာလည်း ကောင်မလေးအတွက်လှူတန်းချင်တဲ့ အလှူရှင်တွေဆီကနေ အလှူခံခဲ့ပါသေးတယ်။

ယနေ့မှာတော့ စိတ်ဝေဒနာရှင်ကောင်မလေးရှိရာဆီ သွားရောက်တွေ့ဆုံခဲ့ပြီး သူမအတွက် လက်ဆောင်ပစ္စည်းများနဲ့ အလှူငွေကိုပေးခဲ့တဲ့အပြင် စေတနာရှင်တွေရဲ့ အလှူပစ္စည်းတွေကိုလည်း ပေးခဲ့ပါတယ်။ ကိုယ်အရမ်းအားပေးချစ်ခင်ရတဲ့ မင်းသားကိုအပြင်မှာတကယ်တွေ့ခွင့်ရလိုက်တဲ့ စိတ်ဝေဒနာရှင်မလေးနဲ့ ခရီကြမ်းကိုဖြတ်ပြီး ကိုယ့်ကိုအားပေးတဲ့ပရိသတ်ဆီ လာရောက်တွေ့ဆုံတဲ့ ဇေရဲထက်တို့ရဲ့ မြင်ကွင်းလေးက ကြည့်မိသူတိုင်းအတွက် ၀မ်းသာပီတီဖြစ်စရာလေးပါနော်။ ပရိသတ်တွေအားလုံးက ကောင်မလေးအတွက်လည်း ပျော်ရွှင်နေကြသလို အားပေးတဲ့ပရိသတ်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့ ဇေရဲထက်ကိုလဲ ချီးကျူးထောပနာပြုနေကြပါတယ်။

ကြည်နူးစရာပုံရိပ်တွေအပြည့်နဲ့ စိတ်ဝေဒနာရှင်ကောင်မလေးနဲ့ ဇေရဲထက်တို့တွေ့ဆုံတဲ့ ဗီဒီယိုဖိုင်လေးကိုပါ မျှဝေပေးလိုက်ပါတယ်နော်။

Photos _ Pann Pwint


05 Feb 2019     1,743 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment