BEC-TERO TV

ညအိပ်ပျော်စဉ် ဟောက်တတ်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ

14 Aug 2015     1,605 Views


အိပ်ပျော်နေစဉ်ဟောက်ခြင်းဟာ များသောအားဖြင့် ဒုက္ခမပေးတက်သောရောဂါဖြစ်ပါတယ်။ အိပ်ပျော်နေစဉ်ဟောက်ခြင်းဟာ မည်သူမဆို ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သတ်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။ အဝလွန်သူများမှာလဲပိုဖြစ်နိုင်ပါတယ်။ အိပ်ပျော်နေစဉ်ဟောက်ခြင်း ရောဂါလက္ခဏများကတော့ နေ့လည်ပိုင်းတွင် အလွန်အမင်း အိပ်ငိုက်တက်ခြင်း၊ မကြာခဏ အိပ်နေစဉ်အသက်ရှူရက်သွားခြင်း၊ လန့်နိုးလာတက်ခြင်း၊ မနက်နိုးနိုးခြင်း ခေါင်းကိုက်တက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း၊ သွေးတိုးခြင်း စသည့်လက္ခဏာများကိုခံစားရပါမယ်။

အကယ်၍ သင့်ကိုအိပ်မပျော်လောက်အောင် ဒုက္ခပေးနေရင်ဖြစ်ဖြစ်၊ အိပ်ပျော်နေချိန်တွင်း မကြာခဏ အသက်ရှူရပ်သွားတာတို့၊ တီဗီကြည့်နေချိန် ကားမောင်းနေချိန် အိပ်ငိုက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသရန်လိုအပ်နေပါပြီ ။ ကျယ်လောင်စွာဟောက်ခြင်းနဲ့ အိပ်ပျော်နေစဉ် မကြာခဏ အသက်ရှူရပ်ခြင်းဟာ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ အလုပ်ကောင်းကောင်းမလုပ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းပိတ်သွားပြီး ခဏရပ်သွားခြင်းဖြစ်ပါတယ်။

ထိုအဖြစ်မျိုးဟာ တစ်ညမှာ ၅ကြိမ်မှ အကြိမ် ၃၀ ထိ ဖြစ်ပွားနိုင်ပါတယ။ နေ့အချိန်အိပ်ရေးမဝခြင်း၊ အိပ်ငိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတွေဖြစ်ရတဲ့ အကြောင်းတွေကတော့ အဝလွန်ခြင်း၊ လည်တံရှည်ခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ နာတာရှည် နှာပိတ်တက်ခြင်း၊ သွေးချိုဆီးချိုရောဂါရှိခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သေစာသောက်သုံးတဲ့ လူတွေမှာလည်း ဒီရောဂါကိုပိုမိုခံစားရပါတယ်။ နောက်ဆက်တွဲလက္ခဏာများကတော့ နှလုံးသွေးကြောဆိုင်ရာပြသာနာကို ပိုမိုခံစားရတတ်ပါတယ်။ နေ့လည်ဘက်တွင် ပင်ပန်းနွမ်းနယ်ခြင်းဟာ မျက်လုံးကိုလဲပိုမိုဒုက္ခပေးနိုင်ပါတယ်။

ထိုဝေဒနာအတွက် ကုသရန်နည်းလမ်းကတော့ နေထိုင်မှုစနစ်ကိုပြောင်းလဲရန်ပဲဖြစ်ပါတယ်။ ဝေဒနာဟာ အလွန်အမင်းမဆိုးရွားသေးရင် အဝလွန်ရင် အလေးချိန်ချရန်၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ရန်လဲ လိုအပ်ပါတယ်။ အရက်သေစာသောက်သုံးတက်လျှင် သင့်တင့်ရုံသာ သောက်သုံးရန်လိုအပ်ပါတယ်။ ဆေးလိပ်သောက်တက်ရင်တော့ ဆေးလိပ်ဖျက်ရန်လိုအပ်ပါတယ်။ မကြာခဏ နှာပိတ်တက်လျှင် နှာပွင့်စေမဲ့ဆေးများ အသုံးပြုရန်လိုအပ်ပါတယ်။ ထို့ပြင် အိပ်စက်သည့်အခါ ပက်လက်လှန် မအိပ်စက်ဖို့အရေးကြီးပါတယ်။ ပက်လက်လှန်အိပ်ရင် လေပြွန်ကိုပို၍ကျင်းသွားစေတဲ့အတွက် အသက်ရှူရပိုမိုခက်ခဲစေနိုင်ပါတယ်။

နေထိုင်မှု ပြောင်းလဲရုံနဲ့မလုံလောက်တဲ့အခါ အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းမပိတ်သွားစေရန် မေးရိုးကို မတင်ထားနိုင်မယ့် ကိရိယာတစ်ခုခု တပ်ဆင်ထားရန်လိုအပ်ပါတယ်။ ထိုနည်းတွေနဲ့မသက်သာရင်တော့ ခွဲစိပ်ကုသဖို့လိုအပ်ပါတယ်။ လည်မျိုပြွန်ထဲရှိ ပိုနေသောအသားစကိုခွဲထုတ်ခြင်း၊ မေးရိုးခွဲစိပ်ခြင်းတို့ပြုလုပ်ရန်လိုအပ်ပါလိမ့်မယ်။ ထိုသို့ အိပ်ပျော်နေစဉ် ကျယ်လောင်စွာဟောက်တက်ခြင်းနဲ့ အိပ်နေစဉ် အသက်ရှူရပ်သွားခြင်းဝေဒနာမဖြစ်အောင် ကိုယ်အလေးချိန်ကို အဝမလွန်ပါစေပါနဲ့၊ ထို့ပြင်လေ့ကျင့်ခန်းကိုလဲ ပုံမှန်လုပ်ဆောင်ပေးပါ။

အရက်သေစာများကို အလွန်အကျွန်မသောက်သုံးရန်နှင့် စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးများကို အလွန်အကျွံ မသောက်သုံးရန်လိုအပ်ပါတယ်။ အိပ်ပျော်နေစဉ်မှာလဲ ပတ်လက်လန်မအိပ်ဖို့ လိုအပ်ပါတယ်။ ကောင်းမွန်သော အိပ်စက်နည်းမှာ ဘေးတစောင်းအိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ပြုလုပ်လျှင် လည်မျိုပြွန်သည် ပိတ်သွားခြင်းမရှိပဲ အိပ်ပျော်နေစဉ်ဟောက်ခြင်းကိုလဲ သက်သာစေနိုင်ပါတယ်။

(ပိုပိုလေး)


14 Aug 2015     1,605 Views




RELATED

Most Popular of Health Fix

Most Popular of Life Style