BEC-TERO TV

သူ့ကို့မွေးခဲ့တဲ့အတွက် မိဘနှစ်ပါးကို တရားစွဲရန် ပြင်ဆင်နေတဲ့ အမျိုးသား

06 Feb 2019     1,360 Views


ဝှတ်သယ်ဟဲလ်..!
အန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ သဘောတူခွင့်ပြုချက်မရပဲ သူကို မွေးဖွားခဲ့တဲ့ မိဘနှစ်ပါးစလုံးကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။
 
 
“ရတ်ဖဲလ်ဆန်မြူရယ်လ်” ဆိုသူက “ကျွန်တော့်မိဘနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက ကလေးတွေကို ပြန်ပေးဆွဲ ကျွန်ပြုခံရတဲ့ လုပ်ရပ်မျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အရမ်းကောင်းတယ်လို့ ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။
 
မွန်ဘိုင်းမြို့မှာ နေထိုင်ပြီး အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ “ဆန်မြူရယ်လ်” က ကလေးမွေးခြင်းကို ဆန့်ကျင်သူအဖြစ် သူ့ကိုယ်သူ ခံယူထားပါတယ်။ သူ့ရဲ့ ယုံကြည်ချက်က မိဘတွေ သူတို့အချင်ချင်း ချစ်ရည်လူးသာယာကြပြီး ကလေးတစ်ယောက်ကို ကာယကံရှင်ရဲ့ ဆန္ဒမပါပဲ ရှုပ်ထွေး ဘဝထဲကို ခေါ်ဆောင်လာတာဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ ဆိုပါတယ်။
 
သူ့ရဲ့ အယူအဆနဲ့ မွေးနေ့များကို ဆန်ကျင့်တဲ့ လှုပ်ရှားမှုတွေဟာ အိန္ဒိယမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းက ကလေးယူတော့လေလို့ ဖိအားပေးတာ ခံနေရတဲ့ လူငယ်တွေအပေါ် ဆွဲဆောင်မှုတွေ တစ်ဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ 
 
ကျွန်တော့်မိဘတွေကို ကျွန်တော်ချစ်ပါတယ်၊ သူတို့နဲ့လည်း အဆင်ပြေပါတယ် ဒါပေမယ့် ကျွန်တော်ဖြစ်လာရတဲ့အကြောင်းရင်းက သူတို့အချင်ချင်း အာသာဖြေကြလို့လေ” လို့ The Print နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
 
 
“ဆန်မြူရယ်လ်” က Nihilanand ဆိုတဲ့ ဖေ့စ်ဘွခ်ပေ့ခ်ျ ထောင်ထားပြီး သူ့ရဲ့ ကလေးမွေးခြင်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အမြင်တွေကို ပုံမှန်တင်ပေးနေပါတယ်၊ လက်ရှိမှာတော့ ဖော်လိုဝါတွေ ရာနဲ့ချီ ရှိနေပါပြီ။
 
 
သူတင်ထားနဲ့ ပုံတစ်ပုံမှာတော့ “မိဘတွေဟာ သူတော်ကောင်းဟန်ဆောင်ထားကြသူတဲ့ ကြောင်သူတော်ကြွက်သူခိုး တွေသာဖြစ်တယ်” လို့ ရေးထားပြီး နောက်ထပ်စာသားကတော့ “မိဘကောင်းဆိုတာ သူတို့ရဲ့ဆန္ဒထက် ကလေးတွေရဲ့ လိုအပ်ချက်နဲ့ ဆန္ဒကို ရှေ့တန်းတင်ကြတယ် ဒါပေမယ့် သားသမီးတွေကိုယ်တိုင်ကိုယ်က မိဘတွေရဲ့ ဆန္ဒဖြစ်နေတယ်လေ” လို့ ရေးသားထားပါတယ်။
 
 
ပြီးခဲ့တဲ့ လကမှ တင်ထားတဲ့ စာမှာတော့ “ကလေးကင်းစင် အိန္ဒိယတစ်ခွင်” လို့ ခေါင်းစဉ်တပ်ထားပြီး “ကျွန်တော်တို့ လူ့လောကကြီးထဲကို ကလေးတွေ အများကြီးထပ်မွေးပြီးတော့ ဆင်းရဲမွဲတေတဲ့ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းကြီးကို ဆက်ပြီး အရှိမြှင့်တင်သင့်လား..?” လို့ မေးခွန်းထုတ်ထားပါတယ်။
 
“ဖြစ်တည်ခြင်းဆိုတာ ဝေဒနာပဲလို့ သင်တွေးမိပါသလား၊ ကလေးတွေကို လောကကြီးထဲ ထပ်မခေါ်လာတာဟာ မလိုလားအပ်တဲ့ ဝေဒနာတွေ ဆင်းရဲမွဲတေမှုတွေ ကလေးတွေကို မခံစားစေရဘူးလို့ ကတိကဝတ်ပေးလိုက်တာပဲလို့ မထင်မြင်မိကြဖူးလား..?”
 
ကျွန်တော်တို့ဟာ အသစ်တစ်ဖန်မဖြစ်စေဖို့ ဆုံးဖြတ်ထားကြတဲ့အဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အိန္ဒိယရဲ့ ကလေးကင်းမဲ့ လူသားများဖြစ်တယ်” လို့ ကြွေးကြော်ရေးသားထားပါတယ်။
 
 
မှတ်ချက်။  ။ အလွန်အငြင်းပွားရမယ့် အကြောင်းအရာဖြစ်ကြောင်းနဲ့ ကမ္ဘာ့သတင်းတစ်ရပ် အဖြစ်သာ ဖတ်ရှုကြပါရန် ပိုပိုလေး မှ မေတ္တာရပ်ခံအပ်ပါသည်။

06 Feb 2019     1,360 Views




RELATED

Most Popular of International News

Most Popular of NEWS