BEC-TERO TV

စိုးရိမ်မှုလွန်ကဲခြင်းရောဂါ ဖြစ်ပွားစေတဲ့အကြောင်းအရင်း (၇) ချက်

06 Feb 2019     1,937 Views


၁။ နှလုံးရောဂါကြောင့် စိုးရိမ်ကြောင့်ကြမှုဖြစ်ပွားစေခြင်း

တခါတလေ အသက်ရှူဖို့ခက်ခဲလာပြီး၊ တစ်ချက်တစ်ချက်ကို နှလုံးခုံနှုန်းက ပုံမှန်ထက်မြန်လာတာမျိုးတွေဖြစ်နေပြီဆိုရင် သင့်မှာ နှလုံးရောဂါအစပျိုးနေပြီဆိုတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ နှလုံးခုန်မမှန်ခြင်းဟာ စိုးရိမ်မှုလွန်ကဲခြင်းရောဂါဖြစ်ပွားစေ နိုင်ဖို့ အဓိကအကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

၂။ အရက်နဲ့ မူးယစ်ဆေးဝါးကြောင့်စိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်စေနိုင်ခြင်း

အရက်နဲ့ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းဟာ စိတ်ကျရောဂါကိုဦးတည်စေတာမို့ စိုးရိမ်ကြောင့်ကြမှုတွေပိုဖြစ်လာစေနိုင်ပါတယ်။

၃။ ကဖိန်းဓာတ်ကြောင့် စိတ်ကျလာစေနိုင်ခြင်း

ကျွန်တော်တို့ နေ့စဉ်သောက်သုံးနေတဲ့ ကော်ဖီ၊ လက်ဖက်ရည်အစရှိတဲ့ ကဖိန်းဓာတ်ပါရှိတဲ့အရာတွေဟာ လူကိုခဏတာ ရွှင်လန်းတက်ကြွစေပေမယ့် အတွေးလွန်ခြင်း၊ စိုးရိမ်မှုလွန်ကဲခြင်း၊ ညအိပ်မပျော်နိုင်ခြင်း အစရှိတဲ့စိတ်ကျရောဂါတွေ ဖြစ်နိုင်တာမို့ အမြဲမသောက်သုံးသင့်ပါဘူး။

၄။ ဆေးဝါးအချို့ကလဲ စိုးရိမ်မှုလွန်ကဲခြင်းကိုဖြစ်ပေါ်စေပါတယ်။

သင်ဟာ ဆေးတစ်မျိုး၊ ဒါမှမဟုတ်တစ်မျိုးထက်ပိုတဲ့ဆေးတွေကို နေ့စဉ်ပုံမှန်မှီဝဲ လေ့ရှိသူတစ်ယောက်ဆိုရင်တော့ သတိထားဖို့လိုနေပါပြီ။ ဆေးဝါးတိုင်းကိုတော့ မဆိုလိုပေမဲ့ ဆေးတော်တော်များများမှာ စိုးရိမ်မှုလွန်ကဲစေတဲ့ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ ကျန်းမာရေးသုတေသီတွေလေ့လာဆန်းစစ်ချက်အရ ခန္ဓာကိုယ်ဝိတ်ကျစေနိုင်တဲ့ ပိန်ဆေးတွေမှာ အများဆုံးပါဝင်နေတာကို တွေ့ရှိပါတယ်။

၅။ သိုက်ရွိုက်ဂလင်း ကြီးထွားလာခြင်းဟာစိုးရိမ်မှုလွန်ကဲတာနဲ့ဆက်စပ်နေ

လည်ပင်းအတွင်းပိုင်းရှိ သိုက်ရွိုက်ဂလင်း ကြီးထွားလာခြင်းဟာ စိုးရိမ်မှုလွန်ကဲတာနဲ့ ဆက်စပ်နေပါတယ်။ ယောကျင်္ားလေးအများစုမှာဒါကို လည်စေ့လို့ခေါ်ပါတယ်။ မိန်းကလေးတွေမှာ လည်စေ့တော့မရှိပေမဲ့ လည်ပင်း အရှေ့ပိုင်း အနည်းငယ် ကြီးထွားနေတဲ့မိန်းကလေးတွေရှိပါတယ်။ ဒါကို သိုက်ရွိုက်ဂလင်း ကြီးထွားလာတာလို့ ခေါ်ပြီး စိုးရိမ်ကြောင့်ကြမှုများသူတွေက ပိုကြီးထွားလေ့ရှိတယ်လို့ ဆိုထားပါတယ်။

၆။ Stress များတာနဲ့ စိုးရိမ်မှုလွန်ကဲခြင်းတို့ဆက်စပ်နေ

ဘာလုပ်လုပ် Stress ပိနေတာမျိုး၊ စိတ်မပါတာမျိုးတွေဖြစ်နေပြီဆိုရင် ဒါဟာစိုးရိမ်မှုလွန်ကဲနေတာကြောင့်ဖြစ်ပါတယ်။ Stress တစ်ခုဖြစ်ပေါ်လာတယ်ဆိုတာ မိမိစိတ်နဲ့ဆန့်ကျင်တဲ့အလုပ်ကို ကိုယ်ခန္ဓာကလုပ်နေရတာမျိုးကိုခေါ်ပါတယ်။ ထိုသို့ လုပ်နေရင်းကမှ ဖိအားတွေများလာပြီး စိုးရိမ်မှုလွန်ကဲလာတာတွေဖြစ်ပေါ်လာနိုင်စေပါတယ်။

 

(ပိုပိုလေး)

 


06 Feb 2019     1,937 Views




RELATED

Most Popular of Health Fix

Most Popular of Life Style