BEC-TERO TV

အချစ်အကြောင်း အမေထက်ပိုနားလည်တဲ့သမီးငယ်ကို ချီးကျူးလိုက်တဲ့ သန္တာလှိုင်

06 Feb 2019     1,559 Views


မြန်မာနိုင်ငံရဲ့ ထိပ်တန်းစူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ သန္တာလှိုင်ဟာ ဆိုရင် အမျိုးသမီးတိုင်းအားကျရတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်လှပဖို့လေ့ကျင့်ပေးတဲ့ T’s Workshop ရဲ့ founder တစ်ဦးလဲဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်မှာ ထက်မြက်မှု၊ လှပမှုတို့အပြင် စိတ်ချမ်းသာမှုကလဲ ပိုအရေးကြီးကြောင်း သန္တာလှိုင်က အရိပ်အမြွက်ပြောကြားလာပါတယ်။

သန္တာလှိုင်ဟာ ပထမအိမ်ထောင်နဲ့ ကံအကြောင်းတရားမလှခဲ့လို့ လမ်းခွဲခဲ့ပြီး လက်ရှိမှာတော့ အသစ်တဖန်ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နေရပြီပဲ ဖြစ်ပါတယ်။ မှားယွင်းခဲ့တဲ့ အိမ်ထောင်ရေးကြောင့် သမီးကြီးဖြစ်တဲ့ Zakera နဲ့ ဆယ်ကျော်သက်ဘဝမှာ အစေးမကပ်ခဲ့တာတွေ ယခုတော့အဆင်ပြေသွားပြီး သမီးကလဲ ပိုရင့်ကျက်လာပြီလို့ သူမရဲ့ဆိုရှယ်မီဒီယာက တစ်ဆင့်ဖော်ပြခဲ့ပါတယ်။

သမီးကို ဆရာလုပ်တဲ့အနေနဲ့ အချစ်ဆိုတာ ကိုယ့်ကိုယ်ကို အရင်ချစ်မှ သူများကို ချစ်လို့ရမှာ ကိုယ့်ကိုယ်ကိုယ်တောင် မချစ်တတ်ပဲ သူများကိုချစ်ရင်အချစ်စစ်မှန်ပါ့မလား? လို့ ပြောတော့ သမီးဖြစ်သူက သမီးသိသားပဲ မာမီကခုမှသိတာလားလို့ ပြန်ပြောခဲ့ပါသတဲ့။

သူမသာ သမီးဖြစ်သူလို ဒါကိုစောစောစီးစီးသိခဲ့ရင် သိတတ်ခဲ့ရင်မှားယွင်းမှုဆိုတာကြီးက ဖြစ်လာမှာမဟုတ်ဘူးလို့ သမီးကို ချီးကျူးမိကြောင်း ရေးသားထားပါတယ်။

လက်ရှိမှာတော့ T’s Workshop ရဲ့ Founder တစ်ယောက်လဲဖြစ်၊ စူပါမော်ဒယ်တစ်ယောက်လဲဖြစ်တဲ့ သန္တာလှိုင်ဟာ တစ်ချိန်က သူမတောင့်တခဲ့တဲ့ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ကာ အောင်မြင်တဲ့အမျိုးသမီးတစ်ဦးလဲ အဖြစ်ဆက်လက်ရပ်တည်နေဆဲပင်ဖြစ်ပါတယ်။


06 Feb 2019     1,559 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS