BEC-TERO TV

အကြောပြတ်ခြင်းအကြောင်း သိကောင်းစရာ

14 Aug 2015     2,346 Views


အကြောပြတ်ခြင်းဟာ အရေပြားပေါ်မှာ အစင်းကြောင်းလေးတွေပေါ်လာခြင်းဖြစ်ပြီး အလွယ်တကူ ဗိုက်ကြောပြတ်တယ်၊ ပေါင်ကြောပြတ်တယ်၊ ခါးကြောပြတ်တယ်ဆိုပြီး ပြောနေကြတာဖြစ်ပါတယ်။ အဖြစ်အများဆုံးကတော့ ဗိုက်မှာရှိတဲ့အရေပြား၊ လက်မောင်းမှာရှိတဲ့အရေပြား၊ ပေါင်နဲ့ တင်ပါးမှာရှိတဲ့အရေပြားတွေမှာ အစဉ်းမြှောင်းလေးတွေဖြစ်ပေါ်တာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လရင့်လာပြီဆိုရင် အဖြစ်များတာကိုတွေ့ရှိရပါတယ်။ ဒီအစင်းကြားတွေဟာ တစ်ချို့ချိုင့်ပြီးဖြစ်ပေါ်နေတတ်ပါတယ်။

တချို့က အနီရောင် ၊ပန်းရောင် ၊ခရမ်းပြာရောင် အစင်းကြားတွေဖြစ်နေပါတယ်။ တချို့ကကော့ မီးခိုးရောင် အစင်းကြားလေးတွေဖြစ်ပေါ်နေပါတယ်။ အများဆုံးဖြစ်တာကတော့ ဝမ်းဗိုက်မှာ ၊ရင်သားမှာ ၊တင်ပါးမှာ ၊ပေါင်မှာ  ၊အပေါ်လက်မောင်းမှာ  အဖြစ်များပါတယ်။ အချို့အမျိုးသမီးတွေဟာ ဗိုက်မှာ ပေါင်မှာ အကြောတွေပြတ်တယ်ဆိုတာ မလှဘူးလို့ ခံစားရမှုတွေရှိလာမယ် စိတ်ညစ်လာပြီဆိုရင် ဆရာဝန်ကို အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။

ဒီအကြောပြတ်ခြင်းဟာ အရေပြားတင်းကားလာမှုကြောင့် ဖြစ်လာခြင်းဖြစ်ပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်သည်တွေ ကိုယ်ဝန်ရင့်မာလာတဲ့အချိန် အရေပြားဟာ ပိုပြီးတင်းကားလာပြီး အစင်းကြောင်းတွေဖြစ်ပေါ်လာပါတယ်။ အဝလွန်တဲ့သူတွေ ဝတဲ့သူတွေမှာလဲ အဖြစ်များပါတယ်။ တစ်ချို့ ဆေးဝါးတွေသုံးစွဲနေတဲ့သူတွေမှာလဲ ဖြစ်နိုင်ပါတယ်။ ကုသလို့ရတဲ့နည်းတော့ မရှိသေးပါဘူး။ ဒီအကြောပြတ်တာတွေ အစင်းကြောင်းတွေက လူကိုအန္တာရာယ်တော့ မဖြစ်စေနိုင်ပါဘူး။ သို့သော်လည်း အလှအပကိုထိခိုက်နိုင်တဲ့အတွက် စိတ်ညစ်စရာနည်းနည်းတော့ ရှိနိုင်ပါတယ်။

အကြောပြတ်ခြင်းကို ကာကွယ်လို့မရပေမဲ့ အဝမလွန်အောင်ထိန်းသိမ်းလို့ရပါတယ်။ အစားအသောက်အနေအထိုင်၊ လှုပ်ရှားသွားလာမှုကို ဂရုစိုက်သင့်တယ် ၊ လေ့ကျင့်ခန်းတွေပုံမှန်လုပ်မယ် အဝမလွန်အောင်နေမယ်ဆိုရင်လဲ ကာကွယ်နည်းတစ်မျိုးလို့ပြောလို့ရပါတယ်။


14 Aug 2015     2,346 Views




RELATED

Most Popular of Health Fix

Most Popular of Life Style