BEC-TERO TV

အဲဗာတန်ကို အနိုင်ယူပြီး ချန်ပီယံဆုအတွက် လီဗာပူးလ်ကို ဖိအားပေးလိုက်တဲ့ မန်စီးတီး

07 Feb 2019     1,481 Views


အဲဗာတန်ကို အနိုင်ယူပြီး ချန်ပီယံဆုအတွက် လီဗာပူးလ်ကို ဖိအားပေးလိုက်တဲ့ မန်စီးတီး
ဒီနေ့မနက်ပိုင်းမှာ ကစားခဲ့တဲ့  ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)မှာ  အဲဗာတန် နှင့် မန်စီးတီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မန်စီးတီးအသင်းက အဲ့ဗာတန်အသင်းကို အဝေးကွင်းမှာ ၀-၂ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ တစ်ပွဲအသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို တတ်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ 

မန်စီးတီးအသင်းအတွက်ဂိုးတွေကို ၄၅ မိနစ်မှာ လာပေါ်တေး နဲ့ မိနစ် ၉၀ ဂျီးဆပ် တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ မန်စီးတီး အသင်းဟာ အဲဗာတန်အသင်းကို ခြေစွမ်းအသာစီးနဲ့ ကစားထားခဲပြီး ဂိုးပေါက်ကန်သွင်းမှု ၁၅ ကြိမ်အထိရှိခဲ့ပါတယ်။ အဲဗာတန်အသင်းမှာ အသင်းရဲ့ အဓိက ကစားသမား ရစ်ချာလီဆန် နဲ့ ဆီဂတ်ဆန် တို့ပါဝင်လာခဲ့ခြင်းမရှိတာက အသင်းကို အားနည်းစေခဲ့ပြီး နှစ်ဂိုးပြတ်ရှုံးနိမ့်စေခဲ့တာပဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အနီးဆုံး ပြိုင်ဖက် လီဗာပူးလ်ကတော့ ဒီတစ်ပါတ်မှာ ဘုန်းမောက်ကို အိမ်ကွင်းမှာ ကစားဖို့ရှိနေပြီး ဘုန်းမောက်အသင်းကို အနိုင်ရရှိမှသာ ၃ မှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးကိုပြန်လည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဆု ဖလား ကိုင်မြှောက်နိုင်ဖို့အတွက်သူတို့နှစ်သင်း ပြိုင်ဆိုင်မှုဟာ ပြင်းထန်လာပြီး  စိတ်ဝင်စားစရာကောင်းတဲ့အနေအထားကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။


07 Feb 2019     1,481 Views




RELATED

Most Popular of Football

Most Popular of Sport