BEC-TERO TV

ရင်ခုန်စိတ်လှုပ်ရှားဖွယ် အဆီကျစေတဲ့ လေ့ကျင့်ခန်းတစ်ခုကို ပြသလိုက်တဲ့ သင်ဇာဝင့်ကျော်

11 Feb 2019     2,697 Views


နိုင်ငံကျော် သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာဆိုရင် သူမရဲ့ ကိုယ်ခန္ဓာအလှတရားကြောင့် နိုင်ငံတဝှမ်းမှာရှိတဲ့ ပရိတ်သတ်တွေအကြား ရေပန်းစား ကျော်ကြားနေပါတယ်။

ခပ်မိုက်မိုက် ဘော်ဒီအချိုးအစားကို ပိုင်ဆိုင်ထားတဲ့ သင်ဇာ့ရဲ့ အလှကို ကြွေမကျရတဲ့ ပုရိသဆိုတာလဲမရှိသလောက်ပါပဲ။

သင်ဇာ့ရဲ့ တစ်မူထူးတဲ့ ပွဲတက်ဖက်ရှင်တွေကလဲ သူမကိုဒီထက်ပို ကျော်ကြားလာစေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

သင်ဇာတစ်ယောက် သူမရဲ့ လှပတဲ့ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းပုံကတော့ အံ့မခန်းပါပဲ။

လက်ရှိမှာ သင်ဇာဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ အလှအပအတွက် ကိုယ်ခန္ဓာလေ့ကျင့်ခန်းတစ်ခုကို ဟိုတယ်က ခုတင်ထက်မှာ အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရမှာပါ။

ဒီလေ့ကျင့်ခန်းကို Plunk ထောက်တာလို့ခေါ်ပြီး ဗိုက်ကြွက်သားတွေသန်မာစေဖို့ အဓိကထား လုပ်ဆောင်ရတာဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ သင်ဇာလေး Plunk ထောက်တဲ့ ဗွီဒီယိုဖိုင်လေးက ချစ်စရာကောင်းတယ်မထင်မိဘူးလား?

 

 


11 Feb 2019     2,697 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS