ဟောလိဝုဒ်ဆယ်လီတို့ရဲ့ အထာကျပြီးချစ်စရာကောင်းတဲ့ ဗယ်လင်တိုင်းဒေး ဖက်ရှင်များ
13 Feb 2019 1,554 Views

ဗယ်လင်တိုင်းဒေးရဲ့ အရောင်အဖြစ် အဖြူ၊ အနီနဲ့ ပန်းရောင်တို့ကို သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဗယ်လင်တိုင်း လက်ဆောင်ပေးကြတဲ့အခါမှာ အဖြူ၊ အနီ၊ ပန်းရောင် တစ်မျိုးမျိုးနဲ့ ချောကလက်၊ ပန်းစည်းတို့ကို ထုတ်ပိုးပေးကြတာတွေ့ရမှာပါ။
အလားတူ ဗယ်လင်တိုင်းဒေးနေ့မှာ ချစ်သူရှိမိန်းကလေးတွေကလဲ ချစ်သူနဲ့တွေ့တဲ့အခါ ဗယ်လင်တိုင်းနဲ့ သက်ဆိုင်တဲ့ အရောင်ကိုပဲ ဝတ်စားလေ့ရှိကြပါတယ်။
ဟောလိဝုဒ် ဆယ်လီမမတွေက ဗယ်လင်တိုင်းဒေးနေ့လို အချိန်အခါမျိုးမှာ အထူးတလည် ချစ်ဖို့ကောင်းအောင်ဝတ်ဆင်တတ်ကြတာမျိုးတွေ့ရမှာပါ။ ဒါကလဲ ချစ်သူကို ရင်ခုန်အောင်လုပ်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ဟောလိဝုဒ် ဆယ်လီမမတွေ ဘယ်လို ချစ်ဖို့ကောင်းအောင် ဝတ်စားကြသလဲဆိုတာ ပိုပိုလေးနဲ့အတူလိုက်ပါ စီးမျောကြည့်လိုက်ကြရအောင်။
Taylor Swift
.jpg)
ဟောလိဝုဒ်ပေါ့ပ်စတား တေလာဆွစ်ဖ်ကတော့ ဗယ်လင်တိုင်းဒေးမှာ အဖြူရောင်အင်္ကျီနဲ့ စကတ်အတို အနီရောင်လေးကို ရိုးရှင်းစွာဝတ်ဆင်ထားပါတယ်။
Anne Hathaway
.jpg)
ရုပ်ရှင်သရုပ်ဆောင် Anne Hathaway ခေါင်းအစခြေအဆုံး All pink နဲ့စမတ်ကျလို့နေပါတယ်။
Zara Larson
.jpg)
ပေါ့ပ်အဆိုတော်မလေး Zara Larson ကလဲ ပန်းရောင်ဂါဝန်တိုလေးနဲ့ တောက်ပလို့နေပါတယ်။
Gigi Hadid
.jpg)
စူပါမော်ဒယ် Gigi Hadid ကတော ပန်းရောင် Jumpsuit ကို ဗယ်လင်တိုင်းဒေးလို နေ့မျိုးမှာ ဝတ်ပြထားတာဟာ တစ်မူထူးလို့နေပါတယ်။ ဗယ်လင်တိုင်းဒေးလို နေ့မျိုးမှာ မိန်းကလေးအများစုက မိန်းမဆန်ဆန်ဝတ်စားကြပေမယ့် Gigi ကတော့ Jumpsuit နဲ့ တစ်မျိုးလေး လန်းနေတာကိုတွေ့ရမှာပါ။
Vanessa Hudgen
.jpg)
အဆိုတော်၊ သရုပ်ဆောင် Vanessa Hudgen ကလဲ ပန်းရောင်ဂါဝန်လေးနဲ့ လွတ်လပ်ပေါ့ပါးတဲ့အသွင်ကိုဆောင်နေပါတယ်။
Lily Collins
.jpg)
သရုပ်ဆောင်မင်းသမီး Lily Collins ကတော့ အနီရောင်အင်္ကျီနဲ့ အနက်ရောင် စကတ်ကို လိုက်ဖက်ညီစွာဝတ်ဆင်ထားတာကိုတွေ့ရမှာပါ။ သူမဆင်မြန်းထားတဲ့ အနီရောင် ဖိနပ်ကလဲ ပြီးပြည့်စုံတဲ့အလှတရားအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုနေပါတယ်။
Victoria Beckham
.jpg)
ဖက်ရှင်မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Victoria Beckham ကတော့ အနက်ရောင် ရှပ်အင်္ကျီ၊ Victoria’s Secret က ထုတ်ကုန်ပစ္စည်း အနီရောင် ပန့်ဘောင်းဘီရှည်ကို စမတ်ကျကျဝတ်ဆင်ထားပါတယ်။
ဗယ်လင်တိုင်းဒေးမှာ ဖက်ရှင်ကျကျ ချစ်စရာကောင်းအောင်ဝတ်ဆင်ထားတဲ့ ဆယ်လီမမတွေထဲက ဘယ်သူအလှဆုံးလဲဆိုတာ ဆုံးဖြတ်ပေးလိုက်ပါဦး ပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)







