BEC-TERO TV

အားဖြည့်အချိုရည် နေ့စဉ်သောက်လို့ သွားတွေ ကျွတ်ထွက်ကုန်တဲ့ ကျောင်းသား

14 Feb 2019     1,957 Views


အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသားတစ်ဦးဟာ မွန်စတာ အားဖြည့်အချိုရည် နေ့စဉ် ၆ ဗူးခန့် ပုံမှန်သောက်တာကြောင့် သူ့ရဲ့ရှေ့သွားတွေ ပျက်ဆီးလာပြီး နောက်ဆုံးမှာ အကုန် ကျွတ်ထွက်ကုန်ပါတယ်။
 
 
Vinnie Pyner ဆိုတဲ့ လူငယ်ဟာ ကျောင်းစာလုပ်ဖို့အတွက် အမြဲနိုးကြားနေအောင် Monster အားဖြည့်အချိုရည်ကို နေ့စဉ်သောက်သုံးရာမှ စွဲလန်းသွားပြီး တစ်ပတ်ကို ၄၅ ဗူးတဲ့အထက် သောက်တယ်လို့ သူ့ရဲ့မိခင်က ပြောပါတယ်။ ၇ လလောက် ဆက်တိုက် သောက်ပြီးနောက်မှာ သူ့ရဲ့ရှေ့သွားတွေ ပန်းသီးကိုက်လိုက်တာနဲ့ ကျိုးကုန်ပါတယ်။
 
 
အခုတော့ သွားဆရာဝန်နဲ့ပြသပြီး ရှေ့သွားတွေအပါအဝင် သွား ၂၄ချောင်း အံကပ်ပြန်စိုက်ရတဲ့အတွက် ဒေါ်လာ ၂၅၀၀ ကျော် (ကျပ်သိန်း ၄၀ နီးပါး) ကုန်ကျခဲ့ပါတယ်။ လူငယ်ဟာ အလုပ်အကိုင်မရှိပဲ ကွန်ပျူတာရှေ့မှာပဲ ကုတ်တွေရေးကာ အားဖြည့်အချိုရည်ဗူးတွေနဲ့သာ တစ်နေကုန်နေပြီး အလုပ်လည်း မရှာဘူးလို့ မိခင်က ဆိုပါတယ်။
 
 
Vinnie ဟာ ကွန်ပျူတာကျောင်းသားဖြစ်ပြီး ကောလိပ်ဒုတိယနှစ်လောက် အရောက်မှာ အားဖြည့်အချိုရည်ကို စတင်စွဲလန်းသောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။ Monster အားဖြည့်အချိုရည် 500ml တစ်ဗူးမှာ သကြား ၅၄ ဂရမ်ပါဝင်ပါတယ်။ ကဖင်းဓာတ် ၁၆၀ မီလီဂရမ် ပါဝင်ပါတယ်။ ဗူးပေါ်မှာလည်း တစ်ရက်လျှင် ၁.၃၆ လီတာထက် ပိုမသောက်သင့်ကြောင်း သတိပေးစာပါ ပါရှိပါတယ်။
 
 
ယူကေမှာတော့ လူတစ်ယောက်ဟာ တစ်ရက်လျှင် သကြား ၃၀ ဂရမ်လောက်သာ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါကြောင့် အားဖြည့်အချိုရည် စွဲလန်းစွာသောက်သုံးသူတွေအနေနဲ့ သတိပြုဆင်ခြင်သင့်ကြောင်း Vinnie က သူ့ရဲ့ အဖြစ်ပျက်ကို မူတည်ပြီး ပြောပြလိုက်ပါတယ်။
 
(ပိုပိုလေး)

14 Feb 2019     1,957 Views




RELATED

Most Popular of Health Fix

Most Popular of NEWS