BEC-TERO TV

ရိုင်းပြတဲ့ အောင်ပွဲခံမှုကြောင့် ၁၂ ပွဲအထိ ပွဲပယ်ခံရနိုင်တဲ့ ဂါရတ်ဘေးလ်

15 Feb 2019     1,601 Views


ရီးရဲ လ်မက်ဒရစ် အသင်းရဲ့ တောင်ပံ ကစားသမား ဂါရတ်ဘေးလ်ဟာ အက်သလတ်တီကို အသင်းနဲ့ မက်ဒရစ် ဒါဘီ ပွဲစဉ်မှာ ဂိုးသွင်းယူအပြီး အောင်ပွဲ ခံခဲ့တဲ့ ပုံစံကြောင့် ၁၂ ပွဲအထိ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။

ဂါရက်ဘေးလ် ဟာ ဂိုးသွင်းယူပြီးနောက် ထောင့်ကန်ဘော ကန်တဲ့ အလံတိုင်နားမှာ ဘေးလ်ဟာ သူ့လက်ကို ဦးခေါင်းနဲ့ နီးကပ်တဲ့အထိ မြှောက်ခဲ့ပြီးတော့အောင်ပွဲခံခဲ့ပါတယ်။ သူရဲ့အောင်ပွဲဟာ တစ်ဖက်သားကို ရိုင်းပြတဲ့ အမူအရာလို့ သတ်မှတ်ထားတာကြောင့် လာလီဂါတာဝန် ရှိသူတွေက စပိန်ဘောလုံးအဖွဲ့ ချုပ်ထံ အရေးယူပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဘေးလ် ရဲ့အောင်ပွဲခံပုံကို အိမ်ရှင် အက်သလတ်တီကို ပရိတ်သတ်တွေကပါ ပေါက်ကွဲခဲ့ကြပြီး ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။ အဆိုပါ ဂိုးဟာ ဘေးလ်ရဲ့ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၁၀၀ မြောက် ဂိုးလည်းဖြစ်ခဲ့ပါတယ်။

ဒီအပြုအမူအတွက် ပြစ်ဒဏ်ထင်ရှားပါက ၄ ပွဲမှ ၁၂ ပွဲအထိ ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။


15 Feb 2019     1,601 Views




RELATED

Most Popular of Football

Most Popular of Sport