ဆာလတ် အတွက် ပေါင် ၄၄ သန်းအပြင် ဒိုဘာလာပါ အလိုက်ပေး ကမ်းလှမ်းလာတဲ့ ဂျူဗင်တပ်
15 Feb 2019 1,409 Views

စီးဒီးအေ ထိပ်သီးကလပ် ဂျူဗင်တပ် အသင်းဟာ လီဗာပူးလ် အသင်းမှ ဆာလတ်ကို ခေါ်ယူနိုင်ဖို့အတွက် မထင်မှတ်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်ဖို့ရှိတယ်လိုသိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဆာလတ်အတွက် ပေါင် ၁၄၂ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လိုသိရပြီး အခုလည်းဂျူဗင်တပ်အသင်းဟာ ဒိုင်ဘာလာ အပါအဝင် ပေါင် ၄၄ သန်းဖြင့် ပေးချေဖို့အဆင့်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းထံကို စီရော်နယ်ဒိုပြောင်း ရွေ့လာပြီးနောက်ပိုင်းမှာ သူ့ရဲ့အခန်းကဏ္ဍကမှေးမှိန်လာခဲ့ပြီး ယခုနှစ်ရာသီမှာစီးရီးအေသွင်းဂိုး(၂)ဂိုးနဲ့ ပြိုင်ပွဲစုံသွင်းဂိုး(၈)ဂိုးသာသွင်းယူထားပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ပစ်မှတ်ဆာလတ်ကတော့ အကောင်းဆုံးခြေစွမ်းတွေနဲ ယခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး(၁၇)ဂိုး၊ ပြိုင်ပွဲစုံ သွင်းဂိုး(၂၀)သွင်းယူထားသူဖြစ်ပါတယ်။
ဆာလာအနေနဲ့ကပြီးခဲ့တဲ့ ဇူလိုင်လကမှ လီဗာပူးအသင်းနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုထားတာ ဖြစ် ပေမယ့် စာချုပ်ဖျက်သိမ်းရင် ပေးဆောင်ရမယ့် သတ်မှတ်ချက်မပါဝင်ထားဘူးလို့ သိရပါတယ်။