BEC-TERO TV

အမျိုးသမီးများ ရင်သားဖွံ့ထွားရန် အုန်းရည်မှန်မှန်သောက်ပါ (ရုပ်သံ)

15 Feb 2019     1,982 Views


အုန်းရည်ကို နေ့စဉ်မှန်မှန်သောက်ခြင်းဖြင့် အမျိုးသမီးများရဲ့ ရင်သားလှပဖွံ့ဖြိုးစေရမည် ဆိုတဲ့ တီဗီကြောငြာကြောင့် တရုပ်နိုင်ငံက အမျိုးသမီးထုတွေကြားထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ ဒီကြော်ငြာကြောင့် အငြင်းပွားမှုတွေ ပြင်းထန်လာပြီး သက်ဆိုင်ရာက ပိတ်ပစ်ခဲ့ပါတယ်။
 
 
တီဗီမှာ ပြသခဲ့တဲ့ အုန်းရည်ကြောငြာမှာ ရင်းသားဖွံ့ထွားပြီး လှပတဲ့အမျိုးသမီးလေးတွေက အပေါ်အင်္ကျီခပ်ပါးပါးလေး ဝတ်ထားပြီး “ဒီဟာကတော့ သဘာဝအုန်းရည် စစ်စစ်ပါ ကျွန်မလည်း အရင်တုန်းက သေးသေးလေးပါပဲ ဒါပေမယ့် နေ့တိုင်းမှန်မှန်သောက်ပြီး အခုလို ဖွံ့ထားလာတာပါ၊ ရင်သားပြည့်လာချင်ရင် အုန်းရေမှန်မှန်သောက်ဖို့ မမေ့နဲ့နော်” လို့ ကြော်ငြာလွှင့်ခဲ့တာကြောင့် ပရိသတ်တွေ ချက်ခြင်း သတိပြုမိသွားစေခဲ့ပါတယ်။ ဒါ့အပြင် လက်ကမ်းကြော်ငြာ နံရံကပ်ပိုစတာကြီးတွေနဲ့လည်း ရိုက်နှိပ်ကြော်ငြာခဲ့ပါတယ်။
 
 
ဒါပေမယ့် သိပ်မကြာခင်မှာတော့ အွန်လိုင်းပေါ်မှာ အုန်းရည်သောက်ရင် ရင်သားတစ်ကယ်ကြီးမကြီး ပြောဆိုငြင်းခုံမှုတွေ စတင်ခဲ့ပါတယ်။ ဒီငြင်းခုန်မှုတွေဟာ အာဏာပိုင်တွေထိ ရောက်သွားပြီး ကုမ္ပဏီအနေနဲ့ အခုလိုအငြင်းပွားစေမယ့် ပုံစံမျိုးနဲ့ မကြော်ငြာသင့်ကြောင်းနဲ့ ဒီလိုကြော်ငြာမျိုးတွေကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း စင်ဟွာသတင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုပ်နိုင်ငံမှာ လိင်ပိုင်ဆိုင်ရာစွဲဆောင်မှုမျိုးနဲ့ ကြော်ငြာတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။ 
 

15 Feb 2019     1,982 Views




RELATED

Most Popular of Special or Others

Most Popular of NEWS