မြင်သူတကာတိုင်း ငေးမောသွားစေတဲ့ Suzy ရဲ့ပွဲတက်ဖက်ရှင်
18 Feb 2019 1,494 Views

Suzy ဟာမြင်သူတကာငေးလောက်တဲ့အလှတရား မျိုးကိုပိုင်ဆိုင်ထားပြီး မြင်တွေ့သူတိုင်းကသူမကိုချစ်ခင်ကြပါတယ်။

နတ်သမီးသမျှ လှပတဲ့ Suzy ရဲ့အလှတရားကတော့ စာဖွဲ့လို့မမှီနိုင်တော့ဘူးဆိုတာ ပုံကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။


ဒီပုံကတော့ ၂၀၁၆ ခုနှစ် ဘတ်ဆန်ရုပ်ရှင်ပွဲတော်ကိုတက်ရောက်ခဲ့တဲ့ ဖက်ရှင်ပုံရိပ်ပဲဖြစ်ပါတယ်။ Suzy ဟာ ဒီပွဲမှာသူမရဲ့ ကျော့ရှင်းလှပတဲ့လည်တိုင်ကို ပေါ်လွင်စေရန် အသားပေးဝတ်ဆင်ထားတာတွေ့ရမှာပါ။

၅၂ နှစ်ကြိမ်မြောက် ဘတ်ဆန်ရုပ်ရှင်ပွဲတော်မှာ Suzy က Instyle Fashion Award ကိုဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။

ဆုပေးပွဲကော်ဇောနီကို တက်ရောက်ဖို့ ဟာသပညာရှင် Shin Dong Yup က Suzy ကိုလိုက်ပါပို့ဆောင်ခဲ့တာဖြစ်ပါတယ်။


ပရိတ်သတ်ကြီးရေ Suzy ကတော့ ဘာဝတ်ဝတ်လှတဲ့သူတစ်ယောက်မဟုတ်ပါလား။ ဒါပေမဲ့ ပုံထဲမှာဝတ်ထားတဲ့ဝတ်စုံက Suzy ရဲ့အလှတရားကို ပိုမိုထင်ပေါ်သွားစေပါတယ်။ သဘောတူတယ်ဆိုရင် မှတ်ချက်လေးတွေပေးခဲ့ကြပါဦး။
(ပိုပိုလေး)







