BEC-TERO TV

ပေါ့ဘာရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ ချလ်ဆီးကို အနိုင်ယူခဲ့တဲ့ ယူနိုက်တတ်

19 Feb 2019     1,255 Views


ချယ်လ်ဆီး ၀-၂ မန်ယူ

ဒီမနက် ချလ်ဆီးရဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အမြဲ ရုန်းကန်နေရတဲ့ အစဉ်လာကို ဆိုးလ်ရှားတစ်ယောက် ချေဖျက်နိုင်ခဲ့ပါတယ်။  အဆိုပါပွဲမှာ ယူနိုက်တတ် ကွင်းလယ်လူ ပေါ့ဘာ အကောင်းဆုံး ခြေစွမ်းပြပြီး တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ချလ်ဆီးအသင်းဟာ ဘောလုံးအသာစီးနဲ့ ကစားနိုင်ခဲ့ပေမဲ့ ယူနိုက်တက် နောက်တန်းကို ဖောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မန်ယူအသင်းကတော့ တန်ပြန်တိုက်စစ်တွေကနေ အကောင်းဆုံးအသုံးချပြီး ပထမပိုင်းမှာတင် ၂  ဂိုးပြတ်ဦးဆောင်စေခဲ့ပါတယ်။

အဓိက ကစားသမား ၂ဦးမပါပေမယ့် ယူနိုက်တက်ဟာ အဝေးကွင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့သလို ခံစစ်ပိုင်းလည်း အမှားနည်းခဲ့ပါတယ်။မန်ယူ အတွက် သွင်းဂိုးတွေကို ၃၁မိနစ်မှာ ဟာရဲရားနဲ့ ၄၅မိနစ်မှာ ပေါ့ဘာတို့က ခေါင်းတိုက် ဂိုးတွေသွင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်ရဖို့ ချယ်လ်ဆီး ကြိုးစားပေမယ့်လည်း ခံစစ်ပိုင်း တည်တည်ငြိမ်ငြိမ်ကစားနိုင်ခဲ့တဲ့ ယူနိုက်တက် ထိုက်ထိုက်တန်တန်နဲ့ နောက်တစ်ဆင့် တက်ခဲ့တာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး မန်စီးတီးက ဆွမ်းဆီး၊ ယူနိုက်တက်က ၀ုဖ်လ်တို့နဲ့ အဝေးကွင်းတွေမှာ ဆုံတွေ့မှာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ်များ

ဆွမ်ဆီး - မန်စီးတီး
ဝုလ်ဖ် - မန်ချက်စတာယူနိုက်တက်
ဝက်ဖို့ဒ် - ပဲလေ့စ်
မီဝေါလ် - ဘရိုက်တန်


19 Feb 2019     1,255 Views




RELATED

Most Popular of Football

Most Popular of Sport