BEC-TERO TV

ပရိတ်သတ်ကို စော်ကားတဲ့ အသုံးအနှုန်း နဲ့ ပြုမှုခဲ့တဲ့ ဦးဖြိုးကိုကိုလှိုင် ကို တာဝန်မှ ရပ်ဆိုင်း

19 Feb 2019     1,274 Views


မြန်မာ ယူ - ၂၂ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင် ဟာ ဖေ့စ်ဘုတ် စာမျက်နှာမှ မြန်မာ ယူ-၂၂ အသင်းကို ဝေဖန်နေတဲ့ ပရိသတ်တွေကို စော်ကားတဲ့ အသုံးနှုန်း နဲ့ရေးသားဖ်ာပြခဲ့တာကြောင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က တာဝန်ကနေ  ရပ်ဆိုင်းခဲ့တယ် လို့သိရပါတယ်။

ဦးဖြိုးကိုကိုလှိုင်ဟာ သူတင်ခဲ့တဲ့ ပိုစ်ကို ခဏတွင်း ချက်ချင်းပြန်လည်းဖျက်ခဲ့ပြီး ချက်ချင်းတောင်းပန်ခဲ့တဲ့ ပိုစ်ကိုလည်းရေးသားခဲ့ပါတယ်။

“ကမ္ဘာမှာလည်း ဘောလုံးအသင်းတွေကို ပရိသတ်တွေက ဝေဖန်နေကြတာပါပဲ၊ ဒီအပေါ်မှာ ကျွန်တော်တို့က ဘာမှ အပြစ်တင်လို့ မရပါဘူး။ သူ့အနေနဲ့ ဖြစ်စဉ် ဖြစ်ဖြစ်ခြင်းမှာပဲ ပရိသတ်ကို ပြန်တောင်းပန်ခဲ့တယ်၊ဒါကတော့ ကောင်းတဲ့ လက္ခဏာပါ၊ သူ့အနေနဲ့ တစ်ခုရှိတာက ငယ်ရွယ်တဲ့ နည်းပြတစ်ဦး ဖြစ်တာကြောင့်လည်း စိတ်လိုက်မာန်ပါ ဖြစ်သွားတဲ့အပေါ် ပရိသတ်တွေအနေနဲ့ ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုပါတယ်။” လို့လည်း ဦးကိုကိုသိန်းက ဆက်လက် ပြောခဲ့ပါ တယ်။

“ အခု ကျွန်တော်တို့ သူ့ကို ပြိုင်ပွဲကနေ ပြန်ခေါ်လိုက်ပါပြီ။ သူ့အစား ဦးအောင်ကျော်ကျော်ကို အစားထိုး တာဝန်ယူဖို့ စေလွှတ်သွားမှာပါ။ ဒီလိုမျိုး အပြုအမူအတွက် အဖွဲ့ချုပ်ဖက်က လက်ခံပေးလို့ မရပါဘူး။ဒါကြောင့် စည်း/ထိန်းထိုင်ပြီး အရေးယူသွားမှာဖြစ်တယ် ” လိုသိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဦးဖြိုးကိုကိုလှိုင်ဟာ ပရိတ်သတ်ကို စော်ကားမော်ကေား လုပ်တဲ့ အပြုအမှုကို လက်ခံမှာ မဟုတ်ဘဲ စည်းကိမ်းထိန်းသိမ်းရေးကော်မတီက အရေးယူဖို့ရှိတယ်လို့သိရပါတယ်။

 

 


19 Feb 2019     1,274 Views




RELATED

Most Popular of Football

Most Popular of Sport