BEC-TERO TV

နောက်ဆုံးရ အပြောင်းအရွေ့ သတင်းတိုများ

20 Feb 2019     1,289 Views


ချလ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေ ကြုံတွေ့ နေရတဲ့ လက်ရှိနည်းပြဆာရီ နေရာကို အစားထိုးဖို့အတွက် လမ်းပတ်နဲ့ ဇီဒန်း တို့ကို လျာထားနေပြီး ဆာရီကို နောက် ၂ ပွဲခန့် စောင့်ကြည့်သွားမယ်လို့သိရပါတယ်။

မန်ချက်စတာ ယူနိုက်တတ်အသင်းဟာ ဒေါမွန်အသင်းမှ လူငယ်ကစားသမားလေး ဆန်ချိုကို စိတ်ဝင်စားနေပါတယ်။ ဆန်ချိုကို ခေါ်ယူချင်ပါက ယူနိုက်တတ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်းနဲ့ ပေါင် သန်း၁၀၀ ခန့် လို့အပ်တယ်လို့ Mirror သတင်းကဖော်ပြထားပါတယ်။

ခရစ်စတယ်ပဲလေ့စ် အသင်းမှ နောက်ခံလူ အာရွန်ဝမ် ဘစ်ဆာကာကို ဘိုင်ယန်မြူနစ်အသင်းမှ စိတ်ဝင်စားနေပါတယ်။ အသက် ၂၁ အရွယ် ဘစ်ဆာကာကို ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်ယူ ၊ မန်စီးတီး ၊ ချလ်ဆီ၊ အဲဗာတန် တို့အပြင် ဒေါ့မွန်အသင်း ကလည်း ခေါ်ယူချင်နေတယ်လို့သိရပါတယ်။ ဘစ်ဆာကာ အတွက်ပြောင်းရွေ့ ကြေး ပေါင် ၄၀ ခန့်ကုန်ကြနိုင်တယ်လို့ သိရပါတယ်။

မကြာခဏဆိုသလို ဒဏ်ရာရ ပြသာနာတွေနဲ့ ကြုံတွေနေရတဲ့စပါးအသင်းဟာ အေစီမီလန်မှ ဆူဆို နဲ့ အင်တာ မှ ပါရီဆစ်ကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။


20 Feb 2019     1,289 Views




RELATED

Most Popular of Football

Most Popular of Sport