မြောက်တောင် အသင်းမှာ မက်စီဖိနပ်နဲ့ ဝတ်ဆင်ကစားရတော့မဲ့ အောင်သူ
20 Feb 2019 1,781 Views

မြန်မာလက်ရွေးစင်းတိုက်စစ်မှူး အောင်သူဟာ Adidas က ထုတ်လုပ်ထားတဲ့ Nemeziz Messi လို့ အမည်ရတဲ့တဲ့ ဖိနပ်ကို ဝတ်ဆင်ကစားသွားရမယ်လို့သိရပါတယ်။ အောင်သူကလည်း ဒီဖိနပ်ကို ၂၀၁၆ ခုနှစ်တုန်းက ရတနာပုံအသင်းမှာ ကစားနေစဉ်ကလည်း ၀တ်ဆင်ကစားခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
.jpg)
ဒီဖိနပ်ဟာ ပြိုင်ဘက် ကို ဘောလုံးနဲ့အတူ ဆွဲပြေးအား ၊ လိမ်ခေါက်ကျော်လွှား နိုင်တဲ့ ကစားသမားတွေအတွက် သီးသန့်ပြုလုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။ အောင်သူ ဝတ်ဆင်မဲ့ ဖိနပ်ဟာ ဒီရာသီမှာ မက်စီဝတ်ဆင်ကစားနေတဲ့ ဖိနပ်အမျိုးအစားလည်း ဖြစ်ပါတယ်။
.jpg)
အခုနောက်ပိုင်းမှာ ဖိနပ်ချုပ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ဘောလုံးသမားတို့၏ အားသန်ရာ အမျိုးအစားအလိုက် နည်းပညာသုံးချုပ်လုပ်ကြတာကြောင့် ဘောလုံးသမားတို့အတွက် အရေးပါတဲ့ အသုံးအဆောင်ပစ္စည်း တစ်ခုဖြစ်လာပါတယ်။

Nemeziz Messi ဖိနပ်ရဲ့ တန်ဖိုးဟာ အနိမ့်ဆုံး ၂၂၅ ဒေါ်လာခန့်တန့်ဖိုးရှိပြိး မြန်မာငွေနဲ့ ၃ သိန်းခွဲဝန်ကျင် တန်ဖိုးရှိပါတယ်။အဆိုပါ Nemeziz Messi ဖိနပ်ကိုစီးပြီး မြောက်တောင် အသင်းမှာ ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။






