BEC-TERO TV

ပန်းသီးအစေ့ဟာ လူကိုအဆိပ်ဖြစ်စေလို့မစားသုံးသင့်ဘူးဆိုတာ သင်သိပါသလား?

20 Feb 2019     3,001 Views


ပန်းသီးစေ့မှာ လူကိုအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ Cyanide acid တစ်မျိုးပါဝင်တဲ့အတွက်ကြောင့် စားမိသူကိုအသက်အန္တရာယ်ပေးနိုင်ပါတယ်။

ဒါကြောင့် ပန်းသီးစားရင်ပန်းသီးကိုခွဲပြီး အစေ့ကိုထုတ်ပြီးမှစားသင့်ပါတယ်။ ဝါးစားမိရင်တော့ ပြဿနာတတ်နိုင်ပါတယ်။ အထူးသဖြင့် မသိနားမလည်သေးတဲ့ သုံးလေးနှစ်အရွယ် ကလေးတွေ မြိုမချမိအောင်သတိပြုသင့်ပါတယ်။

ပန်းသီးအစေ့မှာ ပါဝင်တဲ့ Cyanide acid ဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်တွင်းဆဲလ်တွေကို အောက်စီဂျင်ရရှိစေဖို့ အတားအဆီးဖြစ်စေပါတယ်။ တစ်စေ့၊ နှစ်စေ့လောက်စားမိတာက အသက်အန္တရာယ်မဖြစ်စေပေမယ့် မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မိန်းမောတွေဝေခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ပန်းသီးရဲ့ အစေ့ကို နှစ်စေ့ ထက်ပိုပြီးစားသုံးမိရင်တော့ အသက်အန္တာရာယ်ကိုပါ ဒုက္ခပေးလာနိုင်တာကြောင့် ပန်းသီးစားတဲ့အခါ အစေ့တွေမစားမိအောင် သတိထားပြီး စားသုံးပါ။

 


20 Feb 2019     3,001 Views




RELATED

Most Popular of Special or Others

Most Popular of NEWS