BEC-TERO TV

Captain America: Civil War ရဲ့ပထမဦးဆုံးသော နမူနာကိုစနေနေ့တုန်းက ပြုလုပ်တဲ့ Disney 23 Expo မှာဖော်ပြလိုက်ပြီဖြစ်

17 Aug 2015     1,336 Views


Captain America အဖြစ်သရုပ်ဆောင်တဲ့ ခရစ်အီဗန်နဲ့ Falcon အဖြစ်သရုပ်ဆောင်တဲ့ အန်သနီမက်ကီ တို့ကဒီဇာတ်ကား အပြီးသတ်ရိုက်ကူးနေတဲ့ ဂျာမနီကနေပြန်လာပြီး ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ခရစ်အီဗန် ကတော့ဇာတ်ကားအတွက် အရမ်းစိတ်လှုပ်ရှားနေပြီး ဇာတ်ကားကကောင်းလွန်းလို့သူအရမ်းကြိုက်တယ်လို့ပြောပါတယ်။

၎မိနစ်ကြာတဲ့နမူနာကို ပရိတ်သတ်တွေက အရမ်းကြိုက်ကြပြီး မကြာခင်မှာအွန်လွန်းမှာပြသမှာဖြစ်တယ်လို့သိရပါတယ်။ ဒီနမူနာကားမှာ အရင်တုန်း ကခင်မင်ခဲ့တဲ့ မာဗယ်ရဲ့ ဆူပါဟီးရိုးဇာတ်ကောင်တွေ ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြမှာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Captain America: Civil War မှာ Black Widow အဖြစ်သရုပ်ဆောင်တဲ့ စကားလက်ဂျိုဟန်ဆန်၊ အိုင်းယွန်းမန်းလုပ်တဲ့ ရောဘတ်ဒေါင်းနေးဂျူနီယာ၊ The Scarlett Witch အဖြစ်အရုပ်ဆောင်တဲ့ အယ်လိဇဘတ်အော်စလန် နဲ့ အခုရုပ်ရှင်ရုံတွေမှာရုံတင်ပြသနေတဲ့ ပရွတ်ဆိတ်လူသား Ant-Man အဖြစ်သရုပ်ဆောင်တဲ့ပေါလ်ရက် တို့ပါဝင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ၂၀၁၆ ခုနှစ် မေလ ၁၆ရက်မှာ စပြီးတော့ရုံတင်ပြသမှာဖြစ်တယ်လို့ မာဗယ်ကသူ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။


17 Aug 2015     1,336 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment