BEC-TERO TV

ဂျူဗင်တပ်ကို အနိုင်ယူပြီးနောက် ထူခြားတဲ့ ပုံစံနဲ့ အောင်ပွဲခံ ခဲ့တဲ့ ဆီမြွန်နီ

21 Feb 2019     1,267 Views


မနေ့က အက်သလတ်တီကို ဟာ ဂျူဗင်တပ်အသင်းကို ၂-၀ ဖြင့်အနိုင်ယူခဲ့ပြီးနောက် အက်သလတ်တီကို နည်းပြ ဒီယေဂိုဆီမြွန်နီရဲ့အောင်ပွဲခံတဲ့ ပုံစံဟာ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေပါတယ်။

အက်သလတ် တီကို အသင်းအတွက် ယီမက်နက် က ဦးဆောင်ဂိုး သွင်းယူပြီးနောက် ဆီမြွန်နီက ထူခြားတဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ ဆီမြွန်နီဟာ သူရဲ့လက်နှစ်ဖက်ကို ပေါင်ခွကြားမှာ ပွဲကြည့်စဉ်ဘက်လှည့်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ သူရဲ့ အောင်ပွဲခံပုံဟာ အများအမြင်မှာ ညစ်ညစ်တဲ့ အသွင် ဆောင်ခဲ့ပေမဲ့ ဆီမြွန်နီက ဖြေရှင်းချက်ပေးခဲ့ပါတယ်။

“ ဒါမျိုး အောင်ပွဲခံရင်ဝေဖန်ခံရမယ်ဆိုတာ သိပါတယ်။ အသင်း ဂိုးသွင်းယူပြီးချိန်မှာ ရင်ထဲ့ကလာတဲ့အတိုင်း စိတ်လှုပ်ရှားစွာနဲ့ အောင်ပွဲခံခဲ့တာပါ။ ဒီအပြုအမူကြောင့် ကျွန်တော်ကို ဝေဖန်မယ် ဆိုရင်လည်း တောင်ပန်ဖို့ အဆင့်သင့်ပါ  ” ဆိုပြီး အက်သလတ်တီကို နည်းပြ ဆီမြွန်နီက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပ-ကျော့ မှာ အက်သလတ်တီကို အသင်းဟာ ဂျူဗင်တပ်အသင်းကို ၂-၀ ဖြင့်အနိုင်ယူခဲ့ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းဖို့ အခြေအနေကောင်း တရပ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒု- ကျော့ ကိုတော့ ဂျူဗင်တပ် အိမ်ကွင်းမှာ ပြန်လည်ကစားရဦးမှာ ဖြစ်ပါတယ်။


21 Feb 2019     1,267 Views




RELATED

Most Popular of Football

Most Popular of Sport